Friday, July 1, 2011

လူကြီးရောဂါ အပိုင်း ( ၂ )

လူကြီးရောဂါ အပိုင်း ( ၂ )

မောင်ဇော်ဦး ရေးသည်။

“ကိစ္စပြီးသွားပလား”

“အင်း”

“အော် ဒါနဲ့”

“ဘာလဲ  ဦး”

“ကွန်ပြူတာကို နောက်နဲနဲတွန်းလိုက်ပါလားလို့ ပြောမလို့”

“အင် ဘာလို့လဲ”

“ဘာမှမဟုတ်ပါဘူး၊ ညီးဘယ်လိုပုံမျိုးလေး အိပ်နေလဲ ဆိုတာ ကြည့်ချင်လို့”

“ဦးနော် ဒီမှာ သူများက ဘိုက်နာပြီး နေမကောင်းနေတဲ့ဟာ”

“အင်းလေ အဲဒါကိုကြည့်ချင်တာ၊ ပြီးတော့ဟိုးတခါ တွေ့ပြီးကတည်းက ညီးကို သေသေချာချာမတွေ့ရသေးဘူးဟ၊ အရင်နေ့တွေတုန်းကလဲ မျက်နှာလေးဘဲ မြင်ရတာ၊ ခု အိပ်နေတုန်းလေးမို့ ကြည့်ချင်စိတ်ပေါက်လာလို့”

“ဦး အဲဒီတုန်းကလဲ မီးကို ခြေဆုံး ခေါင်းဆုံး ကြည့်လိုက်တာ၊ အားမနာပါးမနာ၊ မပြောလိုက်ချင်ဘူး”

“ဟဲ့ လှလို့ ကြည့်တာပေါ့ဟ၊ ငါကြည့်တာ ညီးသိလို့လား”

“မသိဘဲ နေမလား၊ ဒီလောက်တောင် ကြည့်နေတဲ့ဟာ”

“အေးဟ ငါမျက်စိထဲမှာ ညီးကအရမ်းကြည့်ကောင်းတာဘဲ၊ ဘယ်နေရာကြည့်ကြည့် ကောင်းနေတာ”

“ကြည့်ကောင်းတိုင်း အားမနာ ပါးမနာ ကြည့်တာဘဲလား”

“ကြည့်ကောင်းတိုင်း မကြည့်လို့ ငါကဘာလုပ်ရမှာလဲဟ၊ ကြည့်ရင်းနဲ့ညီး ယောက်ကျားကိုတောင် လည်ပင်းထညှစ်ချင် စိတ်ပေါက်တယ်၊ တကယ်”

“အမ် ဘာဆိုင်လို့လဲ”

“မနာလိုလို့ပေါ့”

“အမယ် အမယ် ခုမှလာပြီး၊ သူ့ဟာသူ စောစောစီးစီး ရွစိထပြီး မိန်းမယူထားပြီး၊ ခုမှ သူများကို မနာလိုလာဖြစ်နေတယ်”

“မသိလို့ပေါ့ဟ၊ သိလို့ကတော့ အောက်ထားပြီး ညီး အသက်ပြည့်တာနဲ့ လာပြေးယူတာပေါ့”

“အမယ်၊ မီးက အသက်ပြည့်တာနဲ့ တခါတည်း မယူပါဘူး၊ ခု ယူချိန်တန်လို့ ယူတာ”

“လုပ်ပါဟာ ညီးကလဲ ကြည့်ချင်ပါတယ်ဆိုမှ”

“ခစ် ခစ် ခစ် ခစ် မပြပါဘူး”

“လုပ်ပြီ”

“ဦးကလဲ ဒီမှာ မီးက လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး ဝတ်ထားတဲ့ဟာ၊ သိပ်လုံတာမဟုတ်ဘူး”

“ဟီး ဟီး ညီးပြောမှ ပိုတောင်ကြည့်ချင်စိတ်ပေါက်လာပြီ၊ အဲလို မလုံ့တလုံလေးမှ ကြည့်လို့ပိုကောင်းတာဟ၊ ဟိုလေဟာ မဂ္ဂဇင်းထဲမှာ ပါတဲ့ မိုဒယ်ဂဲလ်လိုပေါ့၊ ညီးပုံနဲ့ဆို မိုဒယ်ဂဲလ် ထက်ပိုမိုက်မှာ၊ လုပ်ပါဟာ ကြည့်ချင်ပြီဟ”

“ခစ် ခစ် ခစ် ခစ် . . ဦးကလေ . . မပြောလိုက်ချင်ဘူး. . . နောက်မှ ကြည့်ပြီးသူများကို မကဲ့ရဲ့နဲ့ . . . ကဲ ကဲ အဲလောက်ရပြီလား”

“နောက် နဲနဲတွန်းအုံး၊ အင်း . . ရပြီ ရပြီ၊ ဖြေး ဖြေး အောက်ဘက်လှည့်၊ ဟိုးခြေထေက်ဘက် ထိ ဖြေးဖြေးချင်း လှည့်ပြီးပြ”

“မလွန်ဘူးလား၊ တခါတည်း ကားဝယ်တယ်များမှတ်နေလား၊ ကြည့်တာအစအဆုံး”

“ဟဲ ဟဲ ဟဲ ဟဲ . . ဘောနက်ဖုန်းကြီးတောင် လှန်ကြည့်ချင်စိတ်ပေါက်လာပြီ”

“ကြည့်စရာမလိုဘူးဦးရေ့၊ အင်ဂျင်က အလပ်ကြီး ခစ် ခစ် ခစ် ခစ်”

“ဟီး ဟီး ဟီး ဟီး ဟုတ်မယ်၊ ခုမြင်နေတာကိုက အသစ်အတိုင်းဘဲ ဝင်းနေတာဘဲ၊ စမ်းမောင်းကြည့်မှထင်တယ်”

“မောင်းလို့မရသေးဘူး ဆီလဲနေတုန်း ခစ် ခစ် ခစ် ခစ် သွား . . ခစ် ခစ် ခစ် ခစ်”

“ဟား ဟား ဟား ဟား ညီးလဲ ပြောတတ်သားဘဲ”

“ခစ် ခစ် ခစ် ခစ် မီးလဲ ဦးနဲ့ တွေ့မှ ပါးစပ်လဲ စည်းမရှိတော့ဘူး၊ ဘာလဲ ဟိုနေ့က ဘားမှာမြင်ခဲ့ရတာတွေ သတိရပြီး လူကို လာကြည့်တာမို့လား”

“အမလေး မဟုတ်ရပါဘူး၊ ဘားက ကောင်မတွေ သတိတောင် မရတော့ဘူး၊ သူတို့ကို ကြည့်ရတာက ညီးကို ကြည့်ရသလောက် ရင်မခုန်ဘူး၊ ဘာမှမဆိုင်ဘူး အဝေးကြီး”

“ပြောကောင်း”

“တကယ်ပြောတာဟ လာခဲ့စမ်းပါဟာ ငါလိုက်ပို့မယ်၊ စနေနေ့ညလာလေ၊ ရုပ်ရှင်လဲလိုက်ပြမယ်၊ ဘားလဲပို့မယ်၊ ညီးသူငယ်ချင်းပါလိုက်မယ်ဆို ခေါ်ခဲ့ပေါ့ မကောင်းဘူးလား”

“သူ့ကို ဘယ်လိုပြောရမှန်းတောင်မသိဘူး”

“အဲဒါတော့ ငါလဲမစဉ်းစားတတ်ဘူးဟ၊ ငါတို့ယောက်ကျားလေးတွေကျတော့ ဒါမျိုးဆို လွယ်တယ်၊ အမှန်အတိုင်းပြောလိုက်တာဘဲ၊ အချင်းချင်း နားလည်မှု့ရှိတယ်ပေါ့”

“သူနဲ့ မီးက အရင်က သူငယ်ချင်းဆိုပေမဲ့ ခုမှ ပြန်တွေ့တာ၊ ကွဲနေတာဘယ်လောက်ကြာပလဲ၊ ၁၀ နှစ်လောက်ရှိပြီ”

“အင်းလေ သူနဲ့ စကားလေးဘာလေး ပြောပြီး သူ့အခြေအနေ အကဲခတ်ကြည့်လိုက်ပေါ့၊ ညီးက ဒါမျိုးကျွမ်းပါတယ်”

“အမယ် မကျွမ်းပါဘူး”

“မှုတ်ဘူးလေ၊ ငါပြောတာ . . .”

“ဟော ဟော ဖုန်းလာတယ်၊ ခဏ၊ အယ် ဂျနီဖါ၊ ကောင်မ အသက်ရှည်အုံးမယ်၊ ဦး ဒါဘဲနော် သူနဲ့ စကားပြောလိုက်အုံးမယ်”

“အင်း အင်း ကြိုးစားကြည့်နော်”

“အင်းပါ”

အမ် . . ငါနဲ့မီးနဲ့ ဘာဖြစ်သွားကြပြီလဲဟ . .

.................................................................................................................................

အခန်း (၁၀)

“ဘယ်လိုလဲ ရောဂါ သက်သာလား”

“အင်း၊ တော်တော်တော့ နဲသွားပြီ၊ တရက်တည်း နင်းကန်ဆင်းပြီး ရပ်သလောက်ဖြစ်သွားလို့ တော်ပါသေးရဲ့”

“မနက်ဖြန်ဆို ပျောက်ပြီလား”

“မပျောက်နိုင်သေးဘူးထင်တယ်၊ သဘက်ခါဆိုရင်တော့ ပျောက်ပြီ”

“ဘယ်လိုလဲ ညီးသူငယ်ချင်းဆီလာမှာလား”

“အင်း လာဘို့တော့ အစီအစဉ်ရှိတယ်၊ ညက သူ့ကို ပြောကြည့်တော့ သူလိုက်ပို့ရမယ် ထင်လို့လားမသိဘူး၊ ခွင့်ယူဘို့မလွယ်ဘူးထင်တယ် ပြောတာနဲ့ မီးသူငယ်ချင်းက လာခေါ်မှာဆိုတော့ ဘာမှတော့ ပြန်မပြောဘူး”

“ညီးလူကတော့ ခွင့်ပြုမှာပါ၊ ဒါပေမဲ့ ညီးသူငယ်ချင်းက ပိုအရေးကြီးတယ်”

“ဦးကလဲ ဘယ်လိုစိတ်ကူးပေါက်ပြီး အသဲအသန် တွေ့ချင်နေရတာလဲ”

“ဟဲ ဟဲ လူကြီးရောဂါပါဆိုမှ”

“မိန်းမငယ်ငယ်ချောချောလေးနဲ့ စုံတွဲခုတ််ချင်တဲ့ ရောဂါပေါ့လေ”

“ဟီး ဟီး မိန်းမငယ်ငယ်ချောချောလေးတိုင်းနဲ့တော့ မဟုတ်ပါဘူးဟ၊ ညီးနဲ့ ခုတ်ချင်တာ”

“ဟုတ်လို့လား”

“အမယ် အမယ် ငါ့ကိုများ မယုံတဲ့အတိုင်း၊ နှစ် ၂၀ ကျော်ပြီ ဘယ်မိန်းခလေးမှ စိတ်မဝင်စားခဲ့တာ”

“မီးနဲ့တွေ့မှ ဈန်လျှောသွားတယ်ပေါ့၊ ဟုတ်လား”

“အေးဟ စတွေ့ကတည်းက ညီးကို သဘောကျတာ၊ ညီးရော”

“ဟင်အင်း မပြောပြပါဘူး”

“အာ လုပ်ပြန်ပြီ၊ အဲလိုဘဲ အမြဲလူကို အသဲယားအောင်လုပ်တယ်”

“ခစ် ခစ် ခစ် ခစ် လာ အနားကပ် ယားရင် ကုတ်ပေးမယ်”

“အင်း အင်း တွေ့မှ လက်မအားအောင်ကို ကုတ်ထားခိုင်းမယ်၊ ပြောဟာ ငါတကယ်သိချင်လို့”

“ပြောပြီး ဦးက မယုံရင် ဘယ်လိုလုပ်မလဲ”

“ဒီလူနဲ့ ဒီလူ မယုံစရာလား၊ ကဲပြောပါအုံး ငါပြောတာတွေရော ညီးက မယုံလို့လား”

“ခစ် ခစ် ခစ် ခစ် ယုံစင်ကြီးဆိုတော့ ယုံတာပေါ့”

“ဒါဆို ညီးလဲ ယုံစင်ကြီး ပြောပေါ့”

“အမယ် ယုံစင်ကြီး မလိုဘူး၊ မီးတို့က အမှန်အကန်ဘဲ ပြောတတ်တယ်၊ အပလာ မပြောဘူး”

“အေးပါ သိပါတယ် သိပါတယ် ပြောပါဟ”

“ဟို ပထမတရက်စတွေ့ကတည်းက ဦးကိုမီးခင်တာ၊ ဦးကခင်ဘို့ကောင်းတယ်၊ ဘာလို့လဲသိဘူး၊ မီးစိတ်ထဲက ခင်သွားတာ၊ နောက်တော့ မီးတို့ကို Mall လိုက်ပို့တယ်မို့လား၊ ဦးနဲ့ စကားတွေပြော ရီစရာတွေပြောရင်း မီးစိတ်ထဲမှာအရမ်းပျော်တာ၊ ပြီးတော့ ခစ် ခစ် အထင်မသေးနဲ့နော်၊ မီးစိတ်ထဲကအတိုင်းပြောတာ၊ မီးစိတ်ထဲမှာလေ ဦးလက်မောင်းကြီးကို ဖက်ပြီး အဲဒီ Mall ကြီးကို ၁၀ ပတ်လောက် ပတ်ပြစ်လိုက်ချင်တာ၊ မီးစိတ်ကို မီး မနဲထိမ်းထားရတယ်၊ မီးတခါမှ အဲလိုမဖြစ်ဘူးဘူး၊ ဒါပထမဆုံး မီး စိတ်ထဲမှာ အဲလိုဖြစ်ဘူးတာ၊ ဘာလို့မှန်းမသိဘူး မီးစိတ်ထဲမှာ ဦးကို အရမ်းရင်းနှီး သွားတာ၊ သိလား”

“ညီးကလဲ ဖက်ချင် လာဖက်ပေါ့၊ ငါဘယ်ညင်းမလဲဟ”

“အော အော ဖက်စရာလား၊ ခုတွေ့ ခုလက်လာဖက်တယ်ဆို ဦးကမီးကို ဘယ်လိုထင်မလဲ”

“ဟယ် ကြည့်စမ်း ကောင်မလေး သိတတ်လိုက်တာ၊ လို့ထင်မှာပေါ့”

“ဒါက ခုမို့ ဦးကပြောတာပါ၊ အဲဒီတုန်းကဆို အဲလို ထင်ချင်မှ ထင်မှာပေါ့၊ သူများကို အပေါစားလို့ ထင်မှာပေါ့”

“ဟဲ့ ဟဲ့ ငါက ဘယ်သူ့ကိုမှ အပေါစားလို့ မထင်တတ်ပါဘူးဟ၊ ညီးကိုဆို ပိုမထင် သေး၊ ညီး အပျိုတုန်းက ရီးစားမရှိ ဘာမရှိ နာမည်ပျက်မရှိ နေခဲ့တာ ငါသိနေတဲ့ဟာ”

“ဦး ကဘယ်လိုသိလို့လဲ”

“ညီး ယောက်ခမ လူလည်ကြီးက၊ သူ့သားကို မိန်းမ မပေးစားခင် သေသေချာချာ စုံစမ်းပြီးမှ စပ်တာ၊ ငါမသိတာလိုက်လို့”

“ခစ် ခစ် ခစ် ခစ် ဦးနဲ့တွေ့မှ မီးလဲအရမ်းကြီးကို ဘာဖြစ်မှန်းမသိဖြစ်ပြီး အရမ်းကြီး ဆိုးသွားပြီလားမသိဘူး”

“အဲဒါကောင်းတယ်ဟ၊ ဆိုးစရာဆို အရမ်းဆိုးလိုက်၊ ဆိုးလို့ဝရင် ပြန်လိမ္မာလိုက် . . ပြီးရင် ဆိုးချင်ပြန်ဆိုးလိုက် . . ဟဲ ဟဲ ငါ့လိုပေါ့”

“ဦးကလဲ လာမြှောက်နေပြန်ပြီ၊ တားမယ်စိတ်မကူးဘူး”

“မတားပါဘူး၊ ဆိုးဖေါ်ဆိုးဖက်ဆိုတာ တက်ညီလက်ညီ ဆိုးမှ မှုတ်ဘူးလား”

“အင်း ဦးနဲ့ မီးနဲ့တော့ ဟုတ်နေပါပြီ”

“ဟုတ်ရမယ်လေ ဟုတ်ရမယ် ဟုတ်တာတွေ အကုန်လုပ်မဲ့ဟာ”

“ခစ် ခစ် ခစ် ခစ် ဟုတ်တာတွေလား”

“အင်း ဟုတ်တာတွေ၊ အမှန်အကန် ဟုတ်တာတွေ ဟဲ ဟဲ ဟဲ . . ကဲ ပြောပါအုံး ညီး သူငယ်ချင်းကို ဘယ်လိုပြောပြီးပလဲ”

“အရိပ်အမွက်လောက်တော့ ပြောထားတယ်၊ နင့်ဆီလာလည်ရင်း ငါ့မိတ်ဆွေနဲ့လဲ တွေ့မယ်ဆိုပြီး”

“သူကဘာပြောလဲ”

“အင်း အင်း . . ပေါ့”

“ဘယ်တော့လောက်လာမလို့လဲ”

“သူကတော့ ဒီ သောကြာညနေ လာခေါ်ရမလား မေးနေတာ၊ မီးက သိသေးဘူးလို့ ငါ့ယောက်ကျားကို မေးရအုံးမယ်ပြောထားတာ”

“ဒီလိုလုပ်လေ၊ ဒီသောကြာလာခဲ့၊ သူနဲ့တွေ့မှ ပြောလိုက် စနေညနေ ငါ့မိတ်ဆွေ ထမင်းစားလာခေါ်မယ်ပေါ့၊ နင်လိုက်မလားမေးကြည့်ပေါ့၊ သူက လိုက်မယ်ဆို ခေါ်ခဲ့၊ သူက မလိုက်ဘူးဆိုလဲ ပြီးတာဘဲ၊ ဒါနဲ့ နင့်သူငယ်ချင်းက အပျိုလား၊ သူ့ဖေ့ဘွတ်စ်မှာ တော့ single တဲ့”

“အင်း အပျို၊ ဒါပေမဲ့ သူပြောပုံအရ ရီးစားကတော့ ရလိုက် ပြတ်လိုက်တဲ့၊ ခုလောလောဆယ်တော့ ထပ်မထားသေးဘူး ပြောတာဘဲ၊ one night stand ဘဲကောင်းတယ်လို့ စသလို နောက်သလို ပြောတာဆိုတော့ ဒီကလူတွေလိုနေမှာပေါ့”

“ဒါဆို ညီးလဲ စသလိုနောက်သလို စနေနေ့ ငါလဲ ဒိတ်သွားမယ်လို့ ပြောကြည့်”

“အင်း အင်း ဟုတ်တယ် သူလာခေါ်ရင် နောက်သလိုနဲ့ အဲလို ပြောကြည့်လိုက်မယ်၊ ပြီးတော့ အခြေအနေ ဦးကို ဖုန်းနဲ့ပြောမယ်”

“သူလိုက်မယ်ဆိုရင်ပြော၊ ငါသူငယ်ချင်းတယောက်ခေါ်ခဲ့လိုက်မယ် သူအဖေါ်ရ အောင်”

“ကောင်းပါ့မလား၊ ဦးသူငယ်ချင်းတွေက အိမ်ထောင်နဲ့ချည်းဘဲမဟုတ်လား”

“တယောက်ရှိတယ်ဟ၊ လူလွတ်၊ အသက်က ၃၀ ကျော်လောက်၊ ၃၅ - ၃၆ အနဲဆုံးနေမှာ၊ ခု သူ့ကောင်မလေးနဲ့ ကွိုင်တက်နေတာ၊ ပြတ်မလိုလို ပြန်ဆက်မလိုလိုနဲ့ ဇတ်မျောနေတာ ၃ - ၄ လလောက်ရှိရောပေါ့၊ သူတို့ချင်း တွေ့ပြီး ညိသွားလဲ ပြီးတာဘဲ မဟုတ်ဘူးလား”

“ဦးကတော့လေ”

“ဒီလိုဘဲ လုပ်ရမှာပေါ့ဟ၊ သူလိုက်လာပြီး သူ့အတွက် အဖေါ်မရှာပေးရင် သူတယောက်တည် ကြောင်တောင်တောင်ဖြစ်နေမှာပေါ့၊ သူလဲ ဒီမှာကြီးလာတာဘဲ၊ ဒါလောက်တော့ သူသဘောပေါက်မှာပေါ့ . . အော် သူ မလိုက်ရင်တာ့ အပြန်နောက်ကျမယ်ဆိုပြီး တခါတည်း သူ့အိမ်သော့ပါတောင်းခဲ့၊ မမေ့နဲ့”

“ဘယ်လောက်ထိနောက်ကျမှာမို့လဲ”

“၅ နာရီလောက်လာခေါ်တယ်ထား၊ ထမင်းစားမယ်ဆို ၂ နာရီလောက်ကြာမယ်ထား၊ ပြီးတော့ ရုပ်ရှင်သွားကြည့်မယ်ဆို နောက်ထပ် ၂ နာရီ၊ ရုပ်ရှင်ပြီးရင် ထားပါတော့ ၉ နာရီ ၁၀ နာရီလောက်ရှိရောပေါ့၊ အဲဒီကနေ ဘားသွား ဆို သန်းခေါင်လောက်မှ ပြန်ရောက်မှာ၊ ဒါအစောဆုံးတွက်ထားတာ”

“အမလေး အဲလောက်ညကြီးမိုးချုပ် တခါမှ မလည်ဘူးပါဘူး”

“အေးပေါ့ဟ၊ မလည်ဘူးလို့ အတင်းခေါ်နေတာပေါ့၊ စေတနာလေ စေတနာ”

“ခစ် ခစ် ခစ် ခစ် ဦး စေတနာ မီးသိပါတယ်”

“တဦးကစေတနာ တဦးကမေတ္တာတဲ့ စကားတောင်ရှိတဲ့ဟာ”

“အမလေး လူပေါင်းမှားပြီထင်တယ် ခစ် ခစ် ခစ်”

“ဟား ဟား ဟား ဟား လူပေါင်းမှန်တယ် လုပ်စမ်းပါ”

အင်း . . သေချာပြီ၊ ဒီကောင်မလေးနဲ့ ငါတော့လူကြီးရောဂါ ရတာသေချာပြီ။

...............................................................................................................

အခနး (၁၁)

မီးပေးလိုက်တဲ့ လိပ်စာကိုသွင်းထားတဲ့ ဂျီပီအက်စ်က ညွှန်တဲ့အတိုင်း မောင်းလာရင်း you have arrived destination ဆိုတော့ ဒါဘဲဖြစ်မယ်ဆိုပြီး apartment ဝင်းထဲကကားပါကင်လော့ကြီးထဲ ထိုးဝင်လိုက်တယ်။ ကားစက်သတ်ပြီး တဆက်တည်း

“သူတို့ အခန်းက 4A တဲ့၊ အောက်ထပ်မှာဘဲတဲ့၊ ဟေ့ ရှာကွာ၊ ဟော ဟိုမှာ ဟိုမှာ”

ကျနော်ဘဲပြော ကျနော်ဘဲ ရှာလိုက်ရတယ်၊ ဒီကောင်လား ကြောင်တောင်တောင်နဲ့ ခါတိုင်း ဒီလိုမဟုတ်ပါဘူး၊ ခုမှ နေရင်းထိုင်ရင်း ဘာဖြစ်နေမှန်းမသိ၊ တလမ်းလုံးလဲ ဟုတ်ရဲ့လားအကို၊ ဟုတ်ရဲ့လား အကိုနဲ့ ဆီမန်း မန်းသလို တတွတ်တွတ်၊ ကျနော်က ဟေ့ကောင် ဘာဖြစ်နေတလဲ လို့ စိတ်မရှည်သလို မေးတော့

“ကျနော်က အကိုခေါ်လို့သာ လိုက်လာရတယ်၊ အကို့ဟာက ဟုတ်ရဲ့လား”

“အာ မင်းနဲ့တော့၊ ငါပြောတဲ့ အထဲမှာ မဟုတ်တာ ဘာပါလို့လဲ”

“အကို လာတွေ့တဲ့ ကောင်မလေးက အိမ်ထောင်နဲ့ဆို”

“အင်းလေ၊ ဒါပေမဲ့ မင်းနဲ့ မိတ်ဆက်ပေးမဲ့ သူ့သူငယ်ချင်းက အပျိုပါကွ”

“အဲဒါကို ပြောတာမဟုတ်ဘူး အကို့ကိုပြောတာ”

“ငါက ဘာဖြစ်လို့လဲ”

“မကောင်းဘူးထင်တယ်”

“လာပြန်ပြီ၊ မကောင်းရအောင် ငါတို့က ဘာလုပ်နေလို့လဲ၊ မင်းကွာ”

“မဟုတ်ဘူးလေအကို၊ သူနဲ့ အပြင်သွားပြီးလျှောက်လည်တယ်ဆိုတော့”

“အဲဒါဘာဖြစ်လဲ”

“မကောင်းဘူးထင်တယ်”

“လာပြန်ပြီ၊ ကဲ ကဲ ပြောစမ်း မင်းပြောတဲ့ မကောင်းဘူး ဆိုတာကို ငါ့ကိုပြောစမ်း”

“ဟိုလေ အကို ဟို”

“အဲဒီ ဟို ကိုပြော၊ အားမနာနဲ့ ငါ့ကို ပွင့်ပွင့်လင်းလင်းသာပြော၊ မင်းနဲ့ ငါနဲ့က ညီအကို နေတာ၊ ပြောသာပြော”

“မသိတော့ဘူး အကိုရာ”

“ဘာလဲ မင်းပြောချင်တာက အိမ်ထောင်ရှိတဲ့ မိန်းမတယောက်နဲ့ ငါအပြင်သွားပြီး လျှောက်လည်လို့ မရဘူးပေါ့ အဲဒါလား”

“ရတော့ရပါတယ်၊ ဒါပေမဲ့”

“ရတယ်ဆိုရင် ရပြီလေ၊ သိပ်မစဉ်းစားနဲ့၊ ငါတို့က ၂ ယောက်လုံး အိမ်ထောင်သည် တွေ တယောက်ကို တယောက်လိမ်ထားတာ ဘာတခုမှမရှိဘူး၊ ငါတို့ အခြေအနေ ငါတို့သိတယ်လေကွာ၊ မင်းသာ မင်းကိုမင်း နိုင်အောင်ထိမ်း”

“ကျနော်က ဘာကိုထိမ်းရမှာလဲ”

“ခု မင်းနဲ့ မိတ်ဆက်ပေးမဲ့ ကောင်မလေးနဲ့ပေါ့၊ တော်ကြာ အကိုရေ ကျနော် သူ့ကိုကြိုက်သွားပါပြီ၊ မပြန်တော့ဘူးလာမပြောနဲ့၊ မင်းတို့က လူပျို အပျိုတွေ ကိုယ့်ကိုကိုယ် ထိမ်းနိုင်တာမဟုတ်ဘူး၊ ကမူးရှုးထိုးသမားတွေ”

“ဟီး ဟီး ဟီး ဟီး”

ခုမှ ကိုယ့်ကောင်က ဘာစိတ်ကူးပေါက်တယ်မသိ တဟီးဟီးနဲ့ထဟီတယ်၊ ပြီးတော့

“အဲ့လိုဆို အကို့ကောင်မလေးကို ဘယ်လိုလုပ်မလဲ”

အမယ် ဒါမျိုးတော့ အကွက်မြင်သား၊ သူ့ပြောပုံနဲ့ နရင်းတောင် နဲနဲအုပ်ချင်သွားတယ်၊ ဒါပေမဲ့ သူမရှိလို့မဖြစ်ဆိုတော့ သူ သဘောကျအောင်

“အဲ့လိုဆို သူ့ကို ငါခေါ်သွားပြီး အထွန်းတို့ အိမ်မှာ သွားသိပ်လိုက်မှာပေါ့”

“ဒါဆို အထွန်းကို ဖုံးဆက်ပြီး ကြိုပြောထားရင်ကောင်းမယ်ထင်တယ်”

သူ့အပြောကြားမှ နားရင်းပိုတီးချင်သွားပြီး

“ငါ့လခွီး မုန့်ဆီကြော်ကဘယ်မှာနေမှန်းမသိသေးဘူး ငါဆော်ထည့်လိုက်ရ”

“ဟား ဟား ဟား ဟား နောက်တာပါ အကိုရ”

“ခွီးတဲ့မှဘဲ နောက်မနေနဲ့ လာ သွားမယ်”

တခါးဝမှာ ၂ ယောက်သား ကားပေါ်ထိုင်လာလို့ တွန့်နေတဲ့ အဝတ်တွေကို သတ်သတ်ယတ်ယတ်ဖြစ်အောင် ခေါင်းကနေစလို့ ခြေဖျားထိ လှုတ်ခါအပြီးမှာတော့ တခါးဘောင်က ဘဲလ်ကို နှိပ်လိုက်တယ်။

တိန်းတောင် ဆိုတဲ့ အသံကို ခပ်သဲ့သဲ့ ကြားရပြီးတဲ့အခါမှာတော့ တခါးလာဖွင့်တဲ့ သူက မီး၊ ကျနော့်ကို တွေ့တွေ့ချင်း ဝမ်းသာအားရနဲ့

“ဦး း း း” ဝမ်းသာအားရ ခလေးလိုဘဲ နှုတ်ဆက်တော့

“မီး း း း” လို့ သူ့လေသံအတိုင်း ပြန်နှုတ်ဆက်ရင်း လက်က အလိုအလျှောက် ကားလိုက်မိတော့ ကျနော့်ရင်ခွင်ထဲ ပြေးဝင်လို့ ကြောကိုလာဖက်တယ်၊ ရင်းနှီးတဲ့သူအချင်းချင်း ပွေ့ဖက်နှုတ်ဆက်ကြသလိုပေါ့၊ ရင်ခွင်ထဲရောက်လာတဲ့ သူ့ကိုယ်လုံးကို အသာပြန်ဖက်လို့ နှုတ်ဆက်ရင်း အမှတ်မထင် သူ့ခေါင်းက ဆံစကို နှာခေါင်းနဲ့ အသာနမ်းလိုက်ပြီး

“ဝါး . . မွှေးကြိုင်လို့ပါလား”

“ခစ် ခစ် ခစ် ခစ် . . လာ အထဲမှာထိုင်”

ဆိုပြီး ကျနော့်လက်ကို ဆွဲခေါ်တော့ ကျနော်လဲ နောက်မှာ ခပ်တည်တည်နဲ့ရပ်နေတဲ့ ဇတ်လိုက်ကြီးကို “ဟေ့ လာကွာ” လို့ ထပ်ဆင့်ခေါ်ပြီး မီး ဆွဲခေါ်ရာနောက် ကောက်ကောက်ပါခဲ့တယ်။

ဆိုဖာဆီရောက်တော့ မီးက ကျနော့်ဘေးကပ်ထိုင်လိုက်တော့ ဇတ်လိုက်ကြီးလဲ လွတ်နေတဲ့ ဆိုဖါနောက်တခုမှာ ခပ်တည်တည်နဲ့ ဝင်ထိုင်လိုက်တယ်။

“ဦး အိမ်ကိုရှာရလွယ်လား”

“အင်း လွယ်တယ်၊ ဂျီပီအက်စ်နဲ့ဆိုတော့ ပိုလွယ်တာပေါ့၊ သူ့ကို ဝင်ခေါ်ပြီးလာတာ၊ သိပ်မဝေးပါဘူး မိနစ် ၂၀ လောက်ဘဲ မောင်းရမယ်ထင်တယ်၊ ဟုတ်တယ်မို့လား ကိုဂျင်၊ အော် . . သူက ဦးသူငယ်ချင်းလေ Jimmy တဲ့၊ ဦးတို့ကတော့ ကိုဂျင်လို့ဘဲ လွယ်လွယ် ခေါ်တယ်၊ သူကငါပြောတဲ့ မီးလေ၊ နာမည်က April ဆိုပါတော့”

ဟိုနေ့ကမှ ဒီနာမည် ကျနော်ပေးထားတာ၊ မီးက သူ့မှာ ဘိုနာမည်မရှိသေးဘူး နာမည်ရွေးပေး ဆိုလို့ ကျနော်ကလွယ်လွယ်ကူကူ သူမွေးတဲ့လအတိုင်း အေပရယ်လ် ဆိုမကောင်းဘူးလားဆိုတော့ သူက သဘောကျတာနဲ့ ပူပူနွေးနွေး ဟိုတနေ့က မှဲ့ထားနဲ့ နာမည်နဲ့ဘဲ မိတ်ဆက်ပေးလိုက်တော့ မီးက သဘောကျပြီး ပြုံးတယ်။ အဲဒါကို ကျနော့် ဇတ်လိုက်ကြီးက သူ့ကိုပြုံးပြပြီး နှုတ်ဆက်တယ်ထင်လို့ ပြန်ပြုံးပြရင်း

“ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် မအေပရယ်လ်”

“ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် ကိုဂျင်မီ”

“ဟေ့ဟေ့ မင်းကလဲ အေပရယ်လ် လို့ဘဲခေါ်၊ မီးကလဲ ဦးတို့ခေါ်သလို ကိုဂျင်ပေါ့ မဟုတ်ဘူးလား၊ ဒါနဲ့ ညီးသူငယ်ချင်းရော”

“အခန်းထဲမှာ အင်္ကျီလဲတုန်း မီးသွားကြည့်လိုက်အုံးမယ် ခန”

မီး လှစ်ကနဲ ထပြေးပြီး အခန်းထဲဝင်သွားတော့ ကိုဂျင်က ဟိုဘက် ဆိုဖါကနေ ကျနော့်ဘက် ခါးလေးကုန်းလို့ တိုးတိုးလေး

“အကိုတို့ဟာက မိတ်ဆွေတွေမှ ဟုတ်ရဲ့လား”

“မိတ်ဆွေတွေပါဘဲ၊ အရမ်းရင်းနှီးသွားကြတော့လဲ ဒီလိုပေါ့”

“အကိုတို့ ရင်းနှီးတာကြီးကလဲ”

ကျနော်လဲ ဘာပြန်ပြောရမှန်းမသိ၊ ဒီတော့ ပြန်မပြောတတ်တဲ့ သူတွေ လုပ်နေကျ အတိုင်း ပခုံး ၂ ဘက်ကိုဘဲ တွန့်ပြလိုက်ရတယ်၊ ကျနော်တွန့်ပြတာကို ကိုဂျင်လဲ ဘယ်လိုသဘောပေါက်သွားတယ်မသိ ဘာမှဆက်မပြောဘဲ ခါးပြန်မတ်သွားတယ်။ ခနကြာတော့ အခန်းထဲက ၂ ယောက်သားထွက်လာပြီး

“ဦး ဒီမှာ မီးသူငယ်ချင်း ဂျနီဖာ တဲ့၊ ဒါက ငါပြောတဲ့ ဦးလေ၊ သူကတော့ ကိုဂျင်မီ တဲ့၊ ကိုဂျင် ဂျနီဖာတဲ့”

မီးက မိတ်ဆက်ပေးတော့ ဂျနီဖာက ကျနော်တို့ကို လက်ဆွဲနှုတ်ဆက်တယ် ပြီးတော့ ဘိုလို nice to meet you တဲ့။ ကျနော်တို့လဲ ထိုင်ရာကထပြီး သူ့အတိုင်း ပြန်ပြောရင်း လက်ဆွဲနှုတ်ဆက်လိုက်ရတာပေါ့။

ပြောရရင် ကောင်မလေးကမဆိုးပါဘူး၊ အသားညိုညိုလေး နဲ့ ကျစ်ကျစ်လစ်လစ် လေးပါဘဲ၊ မျက်နှာပေါက်လေးကလဲ ချစ်စရာလေးပါ၊ ဒါပေမဲ့ ကျနော့် မျက်လုံးထဲမှာ တော့ မီးက ပိုလှနေသလိုပါဘဲ၊ အဲ . . ကျနော့် ဇတ်လိုက်ကြီး ကိုဂျင်အတွက်က တော့ ဂျနီဖာ ကပိုလှနေမလားဘဲ၊ ဒါကတော့ ကျနော်ထင်တာပေါ့လေ၊ မိတ်ဆက်မှု့ကဏ္ဍပြီးတဲ့နောက်မှာတော့ ကျနော်ကဘဲ

“ကဲ ခု ဘယ်မှာသွားစားကြမလဲ” ဆိုတော့

ဘယ်မှာဖြစ်ဖြစ် ရပါတယ် ဆိုပြီး ဆိုင်ရွေးတော့ တရုပ်ဆိုင်လဲ မစားချင် ဘိုဆိုင်လဲ မကြိုက် တယောက်တပေါက်နဲ့ ညှိကြရင်း နောက်ဆုံး အီတလီယန်စာ စားမယ်လို့ အတည်ပြုလိုက်ကြတယ်၊ ဒီတော့ ဂျနီဖာက အီတလီစာဆိုရင် သူတို့နားမှာ နာမည်ကြီး တဆိုင်ရှိကြောင်း လူအရမ်းများကြောင်း သူလဲမစားဘူးသေးကြောင်း ပြောတာနဲ့ အိုကေ အဲ့ဒီဆိုင်သွားမယ်ဆိုပြီး သဘောတူလို့ ထထွက်မယ်အလုပ် ကိုဂျင်က ဆိုင် ဖုံးနံပါတ်ရှိလား လူများတယ်ဆို reservation လုပ်လိုက်ရင် ကောင်းမယ်၊ တော်ကြာ အကြာကြီးစောင့်နေရမယ် ဆိုတာနဲ့ good idea ဆိုပြီး သွက်သွက်လက်လက် ဂျနီဖာက သူ့ အိုင်ဖုန်းလေးနဲ့ ဆိုင်ဖုန်းနံပါတ်ကို အင်တာနက်ကရှာလိုက်တယ်၊ ပြီးတော့ ကိုဂျင့်ဆီ နံပါတ်ကို လှမ်းထောင်ပြရင်း here is it လို့ပြောတာနဲ့ ကိုဂျင်လဲ အားကျမခံ သူ့ အိုင်ဖုန်းကို ထုတ်လို့ ဂျနီဖာ ပြတဲ့ နံပါတ်ကို ကြည့်ပြီးလှမ်းနှိပ်လိုက်တယ်။

ကိုဂျင် reservation လုပ်တော့ ဆိုင်က ၇ နာရီမှ ရမယ်ဆိုတာကြောင့် ဖုံးကို ခန ဟိုးထားရင်း ကျနော်တို့ကို

“၇ နာရီမှရမှာတဲ့၊ ဘယ်လိုလဲ လုပ်လိုက်ရမလား၊ တခြားသွားမလား”

ဆိုပြီး လှမ်းမေးတော့ အားလုံးက ခုလဲ မဆာသေးဘူး ၇ နာရီဆို အိုကေ ဆိုတော့ ဆိုင်ကို အိုကေ ဆိုပြီး ၄ ယောက်တဝိုင်း ဘွတ်ခ်လုပ်လိုက်တယ်။ နာရီကြည့်တော့ ခုမှ ၅ နာရီခွဲ သာသာလောက်ဘဲ ရှိသေးတာဆိုတော့ ဘယ်သွားရင် ကောင်းမလဲ ကြားထဲ တနာရီလောက် အချိန်ရသေးတယ်ဆိုတော့ ဂျနီဖာက ဒီနားမှာတော့ ဆိုင်တွေဘဲရှိကြောင်း၊ တခုခု သောက်ကြပါလား နေအုံး ရေခဲသေတ္တာထဲ ဘာရှိလဲ မသိဘူး ဆိုပြီး သွားဖွင့်ပြီး orange juice ရှိတယ်၊ သောက်ကြမလား မေးတော့ ကျနော်က နောက်ဘာရှိသေးလဲဆိုတော့

“နောက် ဘီယာရှိတယ်၊ မလောက်တော့ဘူးထင်တယ်၊ ၂ ပုလင်းဘဲ ရှိတော့တာ coke ရှိတယ်၊ milk ရှိတယ်” ဆိုပြီး သူ့ထဲရှိသမျှ သောက်စရာ တန်းစီရွတ်ပြတယ်။

“အိုကေ အိုကေ ဘီယာသောက်မယ် ဘယ်သူသောက်ကြမလဲ” ကျနော်ကဘဲ ဦးဆောင်ပြီး ဘီယာသောက်ဘို့ စည်းရုံးရေးစလိုက်တယ်။

“ဘီယာက မလောက်တော့ဘူး ဦး၊ ၂ ပုလင်းဘဲရှိတော့တာ” ဆိုတာကြောင့်

“သွားဝယ်လိုက်မယ်လေ ဒီနားဆိုင်ရှိတယ် မို့လား”

“ရှိတယ် ဟိုဘက်ထိပ်မှာ နီးနီးလေး”

“ဒါဆို ကျနော်သွားလိုက်အကို ကားသော့ပေး”

“ရော့ အအေးခန်းထဲက မခဲ့ကွာ၊ နေအုံး၊ ဂျနီဖာသူ့ကိုဆိုင်လိုက်ပြလိုက်ပါလား၊ ပိုမြန်တာပေါ့”

“အိုကေ”

မီးသူငယ်ချင်းက ဒီမှာနေတာ ကြာလို့လားမသိ၊ ခုမှသိတဲ့သူတွေနဲ့ ရှိုးတိုးရှန်းတန်း ဖြစ်မနေ၊ သွက်သွက်လက်လက်နဲ့ ပွင့်ပွင့်လင်းလင်း ရှိသား၊ ကျနော့် ဇတ်လိုက်လဲ စောစောက အူတူတူနဲ့ ဘာတွေဖြစ်နေမှန်း မသိပေမဲ့ ခု မီးသူငယ်ချင်းကို တွေ့ပြီးတဲ့ နောက် သွက်သွက်လက်လက်နဲ့ နဂိုပုံစံပြန်မှန်လာတယ်။

သူတို့ထွက်သွာပြီးနောက် ကျနော်တို့လဲ တခါးကို အသာစေ့လို့ အထဲပြန်ဝင်လာရင်း

“မီးရော ဘီယာသောက်မယ်မို့လား”

“ဦးသောက်တာ အကုန်သောက်မယ်၊ ဦးစားတာ အကုန်စားမယ်လေ”

“ဒီလိုမှပေါ့” လို့ဆိုရင်း သူ့ကို ပြုံးကြည့်နေတော့

“သွား ဘာကြည့်နေတာလဲ၊ တခါတည်း လူကို ပိုင်စိုးပိုင်နင်း”

“ညီးက ငါ့မျက်စိထဲ ဘာလို့ အရမ်းလှနေရတာလဲဟ” ဆိုပြီး တွေ့စက နှုတ်ဆက်သလို သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။ မီးက အလိုက်သင့် စောစောကလိုပြန်ဖက်ရင်း

“ဦးနော် လုပ်ပြန်ပြီ”

“မွှေးနေတာဘဲ၊ ပြန်တောင် မလွှတ်ချင်တော့ဘူး”

“မလွှတ်လို့ရမလား ဦးကလဲ၊ တော်ကြာသူတို့ပြန်လာတော့မယ့်ဟာ”

“ဒါဆို မပြန်လာမချင်း ဒီလို ဖက်ထားမယ်”

မီးဘာမှပြန်မပြော၊ ကျနော့်ကို တင်းတင်းပြန်ဖက်လို့ ပခုံးပေါ်ပါးအပ်လိုက်တယ်။ ကျနော်လဲ မီးကို တင်းတင်းပြန်ဖက်လို့ ၂ ယောက်သား ကိုယ်ကို ဟိုယိမ်း ဒီယိမ်း နဲ့ slow dance ကသလို အလိုက်သင့် ယိမ်းရင်း ဘာစကားမှ မဆိုမိကြ၊ ကပ်နေတဲ့ ရင်ဘတ်ကြီး၂ ခုက တော့ တဒုတ်ဒုတ်နဲ့ သူတို့ဘာသာစကားနဲ့ ဘာတွေပြောနေ ကြတယ်မသိ။ ကျနော့်စိတ်ထဲမှာတော့ အလိုလိုနားလည်သွားသလိုဘဲ၊ မီးလဲ ကျနော့်လို နားလည်မယ်ထင်တာဘဲလေ။

...........................................................................................................................

အခန်း ( ၁၂ )

တိန်းတောင် . . . . . .

ဘယ်လောက်ကြာသွားတယ်မသိ၊ တံခါးက ဘဲလ်သံကြားမှ သတိရပြီး

“ဟော ပြန်လာပြီ” လို့ပြောရင်း မီးက လူချင်းခွာဘို့ကြိုးစားတယ်။ ကျနော်လဲ မလွတ်ချင် လွှတ်ချင်နဲ့ လွှတ်ပေးပြီး

“မြန်လိုက်တာ” လို့ တိုးတိုးပြောရင်း တံခါးသွားဖွင့်တော့ မီးနောက်ကနေ ကျနော့် ကြောကို အသာလှမ်းထုတယ်။ ဘာကြောင့်မှန်းမသိ။

“မင်းတို့သွားတာ မြန်သားဘဲ” တံခါးဖွင့်ရင်း သူတို့ကိုပြောတော့

“နီးနီးလေးကို အကိုရ”

“ဟ ၂၄ လုံး pack ကြီးပါလား၊ ဘယ်လောက်တောင်သောက်ကြမှာလဲဟ”

“ကိုဂျင်ပေါ့၊ ပြောသားဘဲ ၁၂ လုံး pack လောက်ပြီဆိုတာ မရဘူး” ဂျနီဖာက တိုင်သလိုကျနော်ကိုပြောတော့

“May be မနက်ဖြန် သူလာသောက်ဘို့ ပိုဝယ်ထားတာနေမှာပေါ့”

“ခစ် ခစ် ခစ် ခစ် . . ဟုတ်လား ကိုဂျင်”

“မနက်ဖြန်ကျရင် သူ့ကို ပြန်ပို့ရမှာ၊ he can’t come”

“အကိုကလဲ”

“ဟား ဟား ဟား ဟား နောက်တာပါဟ”

ဒါနဲ့ ကျနော်က ဘီယာပါကင်ကိုဖြဲပြီး အထဲကပုလင်းတွေကိုထုတ်၊ ဂျနီဖာက ဖေါက်တံသွားယူ၊ မီးက သူတို့ ဘီယာနဲ့မြီးဘို့ ဝယ်လာတဲ့ အာလူးကြော်နဲ့ nuts တွေ ထည့်ဘို့ ပုဂံသွားယူ၊ ကိုဂျင်ကအမြီးထုတ်တွေဖေါက်နဲ့ လူတိုင်းခနလေး အလုပ်ရှုတ် သွားပြီး

“ချီးယားစ်” ဆိုတဲ့ အသံတွေနဲ့အတူ ပုလင်းအချင်းချင်း ရိုက်သံ တောက်တောက်တောက်တောက်နဲ့ ထွက်လာပါတော့တယ်။

ပွဲက ဘီယာဝင်သွားမှ ပိုစီလာတယ်၊ ဒီကြားထဲ ဂျနီဖာက သီချင်းသွားဖွင့်တော့ ပိုမြိုင်သွားတယ်၊ နောက်တလုံးဆီ ထပ်ဖွင့်အပြီးမှာတော့ တယောက်နဲ့တယောက် ဟိုပြောဒီနောက်နဲ့ အသက်ကွာခြားမှု့ပျောက်သွားတယ်။

“အိုကေ အိုကေ သွားမယ်ဟေ့ ၇ နာရီထိုးတော့မယ်”

သီချင်းတွေအကြောင်းလေကန်နေတဲ့ ဂျနီဖာနဲ့ ကိုဂျင်ကို လောဆော်လိုက်ပြီး ထိုင်ရာက ထလိုက်တယ်၊ ခုလောလောဆယ်သိလိုက်ရတာက သူတို့ ၂ ယောက်က သီချင်းဝါသနာတူတွေ၊ ကျနော်နဲ့ မီးကတော့ ဘီယာသောက်လိုက် အမြီးဝါးလိုက်၊ သူတို့ ပြောတဲ့ သီချင်းအကြောင်း နားထောင်လိုက်၊ ကိုသိတာဆိုဝင်ပြောလိုက်နဲ့ အချိန်က ခနလေးလိုပါဘဲ။

ဆိုင်ရောက်တော့ ကိုဂျင်က သူ့နာမည်ပြောလိုက်တာနဲ့ စားပွဲထိုးမလေးက အသင့်ပြင်ထားတဲ့ စားပွဲဆီ ဦးဆောင်လို့နေရာပြပေးတယ်၊ အပြင်မှာ စောင့်တဲ့သူ ၃ - ၄ ဖွဲ့လောက်ရှိပေမဲ့ ကိုယ်က ဖုံးနဲ့ ဘွတ်ကင်လုပ်ထားတာမို့ အဆင့်သင့်လုပ်ထား ပုံရတယ်၊ ဒီဆိုင်မဆိုး၊ တချို့ဆိုင်ဆိုရင် ဖုံးနဲ့ လုပ်ထားပေမဲ့ စောင့်ချင်စောင့်ရတတ် တာမို့ အချိန်အတိအကျနဲ့ ရောက်ရောက်ချင်း နေရာပေးတဲ့ ဒီဆိုင်ကို မဆိုးတဲ့ စာရင်းထဲ ထည့်လိုက်တယ်။

နေရာချပေးပြီး စားပွဲထိုးမလေးက ဘာသောက်မလဲမေးတော့ စားပွဲအလယ်မှာ ထောင်ထားတဲ့ beverage မီနူးကိုကြည့်ပြီး ဝိုင်ရှိတယ်၊ ဘီယာရှိတယ် သောက်မလား မေးကြည့်တော့ ဂျနီဖာက တော်ပြီ ဆိုတာနဲ့ မီးကိုလှမ်းမေးတော့ မီးက ဦးသဘောတဲ့၊ ကြည့်ရတာ ကောင်မလေးတွေလဲ မျက်နှာနဲနဲပန်းနုရောင်သန်း နေပြီဆိုတော့ သိပ်များသွားရင်မကောင်း၊ ကိုဂျင်ကိုသောက်အုံးမလား ဆိုတော့ ကိုဂျင်ကလဲ ခေါင်းခါတယ်၊ စောစောကတင် တယောက် ဘီယာ ၂ လုံးလောက်သောက်ခဲ့တာဆိုတော့ နဲနဲပြေအောင် orange juice ဆိုဘယ်လိုလဲ မေးတော့ ခေါင်းညှိမ့်တာနဲ့ အဲဒါဘဲအားလုံးအတွက်မှာလိုက်တယ်။

စားပွဲထိုးမလေးကမီနူးချပေးပြီး ကျနော်တို့မှာတဲ့ orange juice ကိုသွားယူတယ်။ မီးကို ဘာစားမလဲမေးတော့ မီးက “မသိဘူးလေဦး၊ ဘာကောင်းလဲ” ဆိုတာနဲ့ ကျနော်လဲ မီနူးကို ဟိုဟိုဒီဒီကြည့်ပြီး seafood ကြိုက်လားဆိုတော့ “အင်း” တဲ့၊ ဒါနဲ့ မီနူးထဲမှာ ပါတဲ့ ပုဇွန်တွေ ခရုတွေ ငါးတွေကို ရောပြီး သူတို့ အီတလီ စတိုင်ဟင်းနဲ့ ပေါင်မုန့် တွဲစားတာကိုပြပြီး “ဒါစားမလား” မေးတော့ “ဦးရောဘာစားမှာလဲ” တဲ့၊ “နင်က ဒါမှာ ငါက ဒါမှာမယ်၊ ပြီးတော့ တယောက်တဝက်” ဆိုပြီး ကျနော်က ပုဇွန်တွေကို ကင်ပြီး pasta နဲ့ရောချက်ထားတာပြတော့ သူက ခေါင်းညှိမ့်တယ်၊ အဲဒီမှာ ဂျနီဖာကလည်း “ဒါဆို မတူတာတွေ မှာပြီး အကုန် share ပြီးစားကြတာပေါ့” ဆိုတာနဲ့ “ကောင်းတယ် ကောင်းတယ် အဲ့လိုစားတော့ အစုံစားရတာပေါ့” လို့ မီးကဝင်ပြောတယ်။

ဒါနဲ့ဘဲ စားပွဲထိုးမလေးက ဖျော်ရည်လာချပေးတော့ အစားအစာတခါတည်းမှာလိုက် တယ်၊ နောက်ပြီး အစားမစားခင် စောင့်နေတုန်းအပျင်းပြေစားဘို့ Calamari လို့ခေါ်တဲ့ အီတလီယန် နာမည်ကြီး squid ငါးကြော်တမျိုးပါမှာလိုက်တယ်။

မကြာပါဘူး၊ Calamari လာချတော့ ခရင်းနဲ့ ထိုးစားကြရင်း ဒါပြီးဘယ်သွားကြမလဲ မေးတော့ ဂျနီဖာက ကျနော့်ကို ဘယ်သွားမလို့လဲ လို့ပြန်မေးတယ်။ ကျနော်က စားပြီး မီးကို ရုပ်ရှင်လိုက်ပြမလို့ သွားမလားဆိုတော့ ဘာကားလဲတဲ့၊ ကျနော်က ခု နာမည်ကြီးနေတဲ့ 3D ရုပ်ရှင်ကိုပြောတော့ သူက ကြည့်ပြီးပြီတဲ့၊ ကိုဂျင်ကလဲ မနေ့ကမှ ပျင်းတာနဲ့ သွားကြည့်ခဲ့တာ တဲ့။ ဒါနဲ့ ကျနော့်ခေါင်းထဲ အတွေးဝင်လာတယ်၊ အတော်ဘဲ သူတို့ပါတယ်ဆို ကျနော်မီးနဲ့ လွတ်လွတ်လပ်လပ် နေရဘို့မလွယ်၊ ကျနော်နဲ့ မီးအခြေအနေက အင်း . . . သိတယ်မှုတ်လား။

ဒါဆို ဂျနီဖာကို မင်းနားထောင်နေကျ music live show ရှိတဲ့ နေရာလိုက်ပို့လိုက် ပါလား ဆိုတော့ ကိုဂျင်က အင်းကောင်းတယ်၊ ဂျနီဖာကို သွားမလား၊ ဒီလိုက်ဖ်ရှိုးက ဘယ်လိုကောင်းကြောင်း စနေညဆို လူပိုစုံကြောင်း၊ အမွှန်းတင်ပြောတော့ ဂျနီဖာလည်း သွားမယ်ဖြစ်ရော၊ အကုန်သွားကြရအောင်ဆိုတော့ မီးက ဒီရောက်ပြီး ရုပ်ရှင်မကြည့်ဘူးလို့ ခေါ်သွားပြမလို့ မင်းတို့ဘဲသွားလိုက်၊ ဒီလိုလုပ်ကွာ၊ ဒီကအပြီး ငါအရင် မင်းအိမ်ကိုပို့ပေးမယ်၊ အဲဒီမှာ မင်းကားဝင်ယူပြီး မင်းတို့ဖာသာသွားပေါ့၊ အပြန်တော့ မင်းဂျနီဖာကို မင်းဘဲပြန်ပို့လိုက်လေ ဆိုတော့ သူတို့က အိုကေတဲ့။

ဒါနဲ့ ဘယ်အချိန်ပြန်ဆုံမလဲ ဆိုတော့ ဂျနီဖာက သူ့အိမ်သော့ မီးကို လှမ်းပေးပြီး သူအိမ်သော့ ခန ခန မေ့တတ်တာကြောင့် အပြင်မှာ ဖွက်ထားတဲ့ တချောင်း အပိုရှိသေးကြောင်း၊ ဒီသော့ယူသွား၊ ပြန်ချင်တဲ့ အချိန်ပြန် ဆိုပြီးရယ်ရင်းပြောတယ်။

ဝှုး . . ခုမှအဆင်ပြေသွားတယ်၊ စိတ်ကတထင့်ထင့်နဲ့ မီးနဲ့လွတ်လွတ်လပ်လပ်သွား ဘို့ အဆင်မှပြေပါ့မလားလို့ တွေးပူနေတာ၊ ဒါနဲ့ဘဲ စားစရာတွေရောက်လာပြီး စားကြ သောက်ကြ၊ ပြီးတော့ ကျသင့်ငွေကို ကိုဂျင်က အတင်းပေးတာနဲ့ ကျနော်က မလုပ်ပါနဲ့ ငါက မင်းတို့ကို ကျေွးဘို့ခေါ်လာတာ၊ ငါပေးပါ့မယ်၊ မင်းသာ ဂျနီဖာကို တာဝန်ကျေအောင် သေချာ take care လုပ်၊ မင်းတာဝန်မကျေလို့ကတော့ မင်းနဲ့ ငါအသိဘဲလို့ ခပ်တည်တည်နဲ့ ချွန်တွန်းလေး ပါလုပ်ပေးလိုက်တယ်။ မသိရင် သူ့အတွက် ကိုယ်ကဖန်တီးပေးလိုက်သလိုလို။

အင်း . . လွယ်တော့မလွယ်ဘူး မီးရေ၊ မင်းနဲ့ရတဲ့ ရောဂါက ဆရာဝန်ပြလို့မဖြစ်ဘူး။

.........................................................................................................................

အခန်း ( ၁၃ )

အစီအစဉ်အတိုင်း ကိုဂျင်နေတဲ့ တိုက်ခန်းဝင်ချပေးပြီး သူတို့ ၂ ယောက်ဆင်း သွားတော့မှ လူကလွတ်လပ်ပေါ့ပါးသွားတယ်။ ကားမောင်းထွက်လာပြီး ဘေးနားမှာ ထိုင်နေတဲ့ မီးကို ကြည့်လိုက်တော့ သူကလှမ်းကြည့်တာနဲ့တိုးတယ်။

“ဦး”

“ပြောလေ”

“မီးကြောက်လာပြီဦးရယ်၊ မီး တခါမှအဲလို မသွားဘူးဘူး၊ မီးလဲ ဦးနဲ့တွေ့မှ ဘာတွေဖြစ်လို့ဖြစ်ကုန်မှန်းကိုမသိတော့ဘူး”

ကျနော်ရုတ်တရက် လမ်းကြားတခုထဲ ချိုးဝင်ပြီး ကားရပ်လိုက်တယ်။ စက်ပါသတ်ပြီး ထွန်းထားတဲ့ရှေ့မီးကြီးပါပိတ်လိုက်တယ်။ ညဆိုတော့ ကားထဲမှာ အလင်းရောင်က သိပ်မရှိ။ နောက်ပြီး ကျနော့်ကားက ပြူတင်းပေါက်နေကာမှန် ဆိုတော့ အပြင်ကမမြင် နိုင်။

“မီးက ဦးကိုကြောက်နေတာလား”

“ဟင်အင်း ဦးကိုတော့မကြောက်ပါဘူး၊ မီး ခုလိုလုပ်နေတာကိုဘဲကြောက်တာ”

ကျနော်ဘာပြန်ပြောရမှန်းမသိ၊ သူကတော့ သူ့စိတ်ထဲရှိတာ ပြောချလိုက်တယ်ဆိုတာ သေချာတယ်၊ ဘာမှပြန်မပြောတော့ဘဲ မီးလက်ကို ဖမ်းဆုတ်လိုက်ပြီး ကျနော့်ဘက် ဆွဲယူလိုက်တော့ မီးကိုယ်က ဟိုဘက်ခုံကနေ ကျနော့်ဘက် ယိုင်ကျလာတယ်၊ ကျနော်လဲ အလိုက်သင့် ပြန်ယိုင်လို့ ကျလာတဲ့ မီးကိုယ်ကိုလှမ်းဖက်လိုက်တယ်။

ဟုတ်မယ်၊ မီးကြောက်မယ်ဆိုလဲ ကြောက်လောက်တယ်၊ ကျနော်တောင် ကိုယ့်ဟာကိုယ် သိပ်လိပ်ပြာမလုံ၊ စိတ်ထဲက ကြောက်သလိုလို၊ ဘာကိုကြောက်လို့ ကြောက်မှန်းမသိ၊ ဒါပေမဲ့ မီးနဲ့ မတွေ့ဘဲလဲ မနေနိုင်၊ ဒါကြောင့်

“ဦးလဲကြောက်တာပါဘဲ မီးရယ်၊ ဒါပေမဲ့ မီးနဲ့မတွေ့ဘဲ ဦးမနေနိုင်ဘူး၊ ဦး မီးကို . . .”

“ဟင်အင်း ဟင်အင်း မပြောနဲ့ မပြောနဲ့”

ကမန်းကတမ်းကျနော့်ပါးစပ်ကိုသူ့လက်ဝါးနဲ့ လှမ်းပိတ်တယ်။ ပြီးတော့

“အဲဒါမပြောနဲ့နော်၊ ဦးစိတ်ထဲမှာလဲသိတယ်၊ မီးစိတ်ထဲမှာလဲသိတယ်ဆိုတော်ပြီနော်”

“ဟင်အင်း မီးကိုပြောချင်တယ်၊ တော်ကြာ မီးသိတာနဲ့ ဦးပြောချင်တာ လွဲနေရင် ဘယ်လိုလုပ်မလဲ”

“လွဲ လွဲ ဦးရာ၊ လွဲလဲကောင်းတာဘဲ”

“ဟုတ်လား လွဲလဲကောင်းလား”

“အင်း လွဲလဲကောင်းတယ်၊ မှန်လဲကောင်းတယ်၊ အဲဒါမပြောနဲ့၊ ခုမီးကြောက်တာကိုဘဲ မကြောက်အောင် ဘယ်လိုလုပ်ရမလဲပြော”

“ဒါဆို မကြောက်အောင် လုပ်ပေးမယ်၊ ဒီဘက်လှည့်”

လှည့်လာတဲ့ မျက်နှာက မျက်လုံးလေးပိတ်လို့၊ ဒီတော့ နဖူးလေးကို နမ်းတယ်၊ ပါးလေးကိုနမ်းတယ်၊ ပြီးတော့ မသိမသာလေး စူနေတဲ့ နှုတ်ခမ်းလေးကို အသာတေ့လို့ လှမ်းငုံလိုက်တယ်။ ပြီးတော့ ထုံးစံအတိုင်း အနမ်းနဲ့ သက်ဆိုင်တဲ့ နောက်ဆက်တွဲ လေးတွေ . . . နဲနဲပါးပါး၊ ပြီးတော့ များများစားစား။

နမ်းလို့ကောင်းကောင်းနဲ့ဘယ်လောက်ကြာကြာ နမ်းမိသွားတယ်မသိ၊ မီးဆီက တီးတိုးအသံလေးထွက်လာတော့မှ မခွာချင်ဘဲ နှုတ်ခမ်းချင်းခွာလိုက်တယ်။ နှစ်ယောက်သား ဘာမှမပြောနိုင်သေးဘဲ အသက်မှန်မှန်ရှုနေရာကနေ ခနလေးကြာတော့

“ဦး”

“အင်”

“မီးတို့ အရမ်းကြီးလွန်လွန်ကြူးကြူးဖြစ်လို့ မဖြစ်ဘူးနော်”

“အရမ်းကြီးဆိုတာ ဘယ်ထိလဲ”

“အိုး . . ဦးကလဲ သိသိကြီးနဲ့”

“ဒါဆို မဖြစ်အောင်ဦးအရမ်းကြီးလွန်လာရင် သတိပေးလေ”

“အာ . . ဦးကလဲ၊ မီးသတိမပေးပါဘူး၊ ဦးဟာဦး ရအောင်ထိမ်း”

“ဦးကကိုယ့်ဟာကိုယ် ဘယ်လိုထိမ်းလို့ရမှာလဲ မီးကိုတွေ့တာနဲ့ အဲလို လုပ်ချင်နေတဲ့ဟာ”

“သိဘူးကွာ သိဘူး၊ ရအောင်ထိမ်း၊ ရအောင်ထိမ်း၊ ဦးကလူကြီး”

“ဒါဆို ဟိုး နောက်ဆုံးတခုဘဲချန်ထားမယ်၊ ကျန်တာအကုန် ဘယ်လိုလဲ”

“သွား သိဘူး၊ မီးကိုဘာမှလာမတောင်းဆိုနဲ့ ဦးဟာဦး သိရင်ပြီးရော”

လက်သီးဆုတ်နဲ့ပေါင်ကို လာထုရင်းပြောလာတဲ့ အမူအရာကိုကြည့်ပြီးရယ်မိတယ်။

“ဟား ဟား ဟား ဟား”

“ဘာရီတာလဲ”

“မီးကိုသဘောကျလို့၊ ဘာလဲ ခုထိကြောက်တုန်းလား”

“သွား . . မကြောက်တော့ဘူး၊ ဘာလဲ ကြောက်တယ်ဆို လာနမ်းအုံးမှာ မှုတ်လား”

“မကြောက်ဘူးဆိုလဲ နမ်းမှာပါဘဲ”

“ခစ် ခစ် ခစ် ခစ် သိသားဘဲ၊ ရုပ်ရှင်သွားမယ်ဆို တော်ကြာနောက်ကျနေအုံးမယ်”

“ဟုတ်သားဘဲ၊ နေအုံး ဒီနားမှာရုပ်ရှင်ရုံရှာလိုက်အုံးမယ်”

ပြောပြောဆိုဆို ဂျီပီအက်စ်ကနေ အနီးဆုံးရုပ်ရှင်ရုံကိုရှာလိုက်တယ်၊ သိပ်မဝေး။

“တွေ့လား နီးနီးလေး၊ ကဲရုပ်ရှင်သွားမယ် ကစ်ပေး”

ပြောပြောဆိုဆို နှုတ်ခမ်းလေး စူပြီး သူ့ဘက်လှည့်တော့ မီးက တခစ်ခစ်ရယ်ပြီး နှုတ်ခမ်းလေး ပြန်စူပေးတယ်။ နှုတ်ခမ်း ၂ စုံထိပြီး ပြွတ်ကနဲ မြည်သွားသလို ကားစက်ကလဲ ဝူးကနဲ နိုးသွားတယ်။ ပြီးတော့ ကားထဲမှာ ရယ်သံလေး ညံသွားတယ်။

“ဟား ဟား ဟား ဟား . . . ခစ် ခစ် ခစ် ခစ်”

ရောဂါကတော့ သဲပြီ။

.......................................................................................................................

အခန်း ( ၁၄ )

ရုပ်ရှင်ရုံ ပါကင်ဝင်းကြီးထဲ ကားထိုးရပ်လိုက်ပြီးနောက်

“လာ” 

ဆိုပြီး လက်မောင်းတဖက်ကားပေးလိုက်တော့မီးကအပြေးကလေးလာတွဲ တယ်။

“ရုပ်ရှင်ပြီး ဘယ်သွားမလဲ၊ ဟို ဘားသွားမလား”

“ဦးသဘောလေ”

“သွားရင်လဲ ခနသွားတာပေါ့၊ ဘီယာလေး တယောက်တလုံး သွားသောက်ပြီး ပြန်ထွက်လာတာပေါ့၊ ညီးအတွေ့အကြုံရတာပေါ့ မှုတ်ဘူးလား”

“ဦး သွားချင်လို့မဟုတ်ဘူးလား”

“မသွားချင်ပါဘူးဟာ၊ ညီး ငါ့အနားမှာရှိနေရင်အားလုံးပြည့်စုံနေတဲ့ဟာ”

“ဟုတ်လို့လား”

“ဘာလဲ မယုံလို့လား၊ လာလေ ကားထဲပြန်သွားမယ်၊ တခါတည်း သက်သေပြလိုက်မယ်”

“ခစ် ခစ် ခစ် ခစ် ယုံပါတယ် ယုံပါတယ်၊ မယုံလို့လဲမရတော့ဘူး၊ ဒီမှာ အကုန် ကုန်ပြီ”

“ဟား ဟား ဟား ဟား . . မကုန်ပါဘူးဟ၊ ကုန်တတ်တဲ့အရာမှမဟုတ်တာ”

“မကုန်တတ်လို့တော်သေးတာပေါ့၊ ကုန်များတတ်ရင် အရိုးတောင် ကျန်မှာမဟုတ်ဘူး”

“ဟဲ ဟဲ ဟဲ ဟဲ”

“ဘာရီတာလဲ”

“ညီးကလဲဟာ မတွန့်တိုပါနဲ့၊ ဒီမှာ အခုမှအစပျိုးနေတဲ့ဟာ”

“အမလေး . . အဲဒါ အစ”

“ဟား ဟား ဟား ဟား”

“ခု ဘယ်နှစ်နာရီရှိပလဲ”

လက်မှတ်ပေါက်ဝမှာ ရုပ်ရှင်အချိန်ကိုကြည့်ရင်း မီးကိုလှမ်းမေးလိုက်တယ်။ မီးက သူ့လက်က နာရီကိုကြည့်ရင်း

“၉ နာရီ ၂၀”

“ဟော အတော်ဘဲ 3D က ၉ နာရီ ၃၅ တဲ့”

“ဘယ်မှာရေးထားတာလဲ”

“ဟိုမှာလေ 3D မဟုတ်တဲ့ကားက ၉ နာရီ ၄၅၊ ကားတိုင်းမှာ အချိန်တွေရေးထားတာ တွေ့လား”

“အော် . . အင်း”

လက်မှတ်ဝယ်ပြီး ရုံထဲဝင်လာတော့

“popcorn စားအုံးမလား”

“ပေါက်ပေါက်ဆုတ်မှုတ်လား၊ မစားချင်ပါဘူး၊ ဘိုက်တင်းနေပြီ”

“အအေးရော”

“တော်ပြီ . . အဲ ရေဘဲသောက်ချင်တာ၊ ရေတဗူးလောက်ဝယ်လိုက်ပါလား ဦးနဲ့ ၂ ယောက် အတူတူသောက်မယ်လေ၊ မီးတယောက်တည်းဆိုလဲမကုန်ဘူး”

ရေတဗူးဝယ်ပြီး အထဲဝင်တော့ အပေါက်ဝက လက်မှတ်စစ်ကို လက်မှတ်ပြလိုက် တယ်၊ သူကတဝက်ဆုတ်ပြီး “theater 4, your right” ဆိုပြီးလမ်းညွှန်တယ်။

“တွေ့လား အထဲမှာ ရုံတွေ နေအုံး ငါလဲဒီရုံခုမှရောက်ဘူးတာ. . . ၁ - ၂ - ၃ - ၄ . . . အားလုံး . . . ၁၂ ရုံရှိတယ်၊ ငါတို့က နံပါတ် ၄ ရုံမှာ၊ တွေ့လား ရုံဝမှာ ပြမဲ့ကားနဲ့ အချိန်ကို ကပ်ထားတယ်”

“အယ် အများကြီးဘဲ”

“အင်း . . ရုပ်ရှင်တရုံဆို ၅ ကား ၆ ကားလောက်ပြတာ၊ ငါတို့ ရောက်စကဆို လက်မှတ် တစောင်ဝယ်ပြီး အထဲမှာ ၃ ကားလောက် ဆက်ကြည့်ပြစ်လိုက်တာ၊ ထွက်လာရင် မူးနောက်နေတာဘဲ”

“အဲ့လိုကြည့်လို့ရလို့လား”

“ဘယ်ရမလဲဟ၊ ခိုးကြည့်တာပေါ့၊ တကားပြီးထွက်လာ၊ အိမ်သာလေးဘာလေးသွား၊ ပြီးတော့ ခပ်တည်တည်နဲ့ နောက်တကားပြတဲ့ရုံထဲ ပြန်ဝင်ကြည့်ပေါ့”

“လက်မှတ်မစစ်ဘူးလား”

“များသောအားဖြင့်တော့ အဝမှာတခါဘဲ စစ်လိုက်တာ၊ တော်ရုံတန်ရုံ လိုက်မစစ်ပါဘူး၊ ဒီကလူတွေလဲ အဲလိုမကြည့်ပါဘူး၊ အဲ ကြည့်တဲ့သူလဲ ရှိချင်ရှိမှာပေါ့၊ ခုတော့အဲလိုမကြည့်နိုင်တော့ပါဘူး၊ ရုပ်ရှင်ရုံမှာမကြည့်တာတောင် နှစ်နဲ့ ချီပြီ၊ ခု ညီးနဲ့တွေ့မှ သူငယ်ပြန်နေတာ”

“ခလေးနဲ့ ပေါင်းတာကိုး”

“ခလေးက ပေါင်းချင်စရာကြီးကိုးဟ”

“လူကြီးက ခလေးပေါင်းချင်လာအောင်လုပ်နေတာကိုး”

“ဟဲ ဟဲ ဟဲ ဟဲ ခုတောင် ထပ်ပေါင်းချင်လာပြီ”

“ခစ် ခစ် ခစ် လာလေ . . ဒါဆို ကားထဲပြန်သွားမယ် ခစ် ခစ်”

“လာ သွားမယ်”

 ဆိုပြီး ခပ်တည်တည်နဲ့ ပြန်လှည့်မယ်အလုပ်

“အို့ . . ဦးကလဲ ဒီမှာ ရုပ်ရှင်ပြတော့မှာ၊ မီးကနောက်တဲ့ဟာ”

“ဟဲ ဟဲ ဟဲ ဟဲ သိသားဘဲ၊ အိမ်သာသွားအုံးမလား၊ ရုပ်ရှင်က ၂ နာရီလောက်ကြာမှာ”

“အင်း သွားချင်တယ်”

“သွားလေ ဟိုမှာ၊ ငါလဲသွားအုံးမယ်၊ ပေး ပေး ရေဘူး ငါ့ကိုပေးထား”

ရုံပေါက်ဝမှာ 3D မျက်မှန်ကမ်းပေးတဲ့ သူဆီက မျက်မှန်လှမ်းယူပြီး ရုံထဲဝင်လိုက် တယ်၊ အထဲရောက်တော့ လူက သိပ်မများ၊ ပြနေတာ ၂ ပတ်လောက်ရှိပြီဆိုတော့ နာမည်ကြီးကားဖြစ်ပေမဲ့ ပြစလောက်လူမကြပ်တော့၊

“ဘယ်နေရာထိုင်မလဲ”

“ခုံနံပါတ်မပါဘူးလား”

“မပါဘူးလေ၊ ကိုယ်ကြိုက်တဲ့ နေရာထိုင်”

“တယ်ဟုတ်ပါလား”

“လာ လာ နောက်နားမှာ သွားထိုင်မယ်”

နေရာတကျထိုင်ပြီးနောက်

“ရုံထဲမှာ နဲနဲအေးတယ်နော်”

“အင်း တွေ့လား တချို့တွေ လက်ရှည်ယူလာတာ၊ လာ လာ နွေးသွားအောင်”

ပြောပြောဆိုဆို ပုခုံးကိုလှမ်းဖက်တော့ မီးက ကျနော့်ဘက် အတင်းတိုးပေးတယ်။တိတ်တိတ်ဆိပ်ဆိပ်နဲ့ ရုံထဲထိုင်နေရာက

“ဦး”

“အင်”

ဆိုပြီး မီးကိုကြည့်လိုက်တော့ မီးကခေါင်းခါပြတယ်၊

“ဘာလဲဆို”

“ဘာမှမဟုတ်ပါဘူး၊ ခေါ်ချင်လို့ ခေါ်ကြည့်တာ”

“ဒီလို အလကားခေါ်လို့ဘယ်ရမလဲ”

 ဆိုပြီး ကျနော့်ဘက်လှည့်ပြီးပြောနေတဲ့ သူ့ နှုတ်ခမ်းကို ကျနော့် နှုတ်ခမ်းနဲ့ လှမ်းကပ်လိုက်တယ်။

“အို့ . . လူတွေနဲ့”

“ဘယ်သူမှမကြည့်ဘူး၊ ဟော ဟော မီးမှိန်လိုက်ပြီ၊ ပြတော့မယ်၊ တယ်လီဖုံး ပိတ်ထားပါတဲ့ စာတမ်းထိုးနေပြီ၊ ဖုန်းပိတ်လိုက်အုံးမယ်၊ ညီး ဖုန်းပါလား၊ ပိတ်ထားလိုက်လေ”

“ဘာဖြစ်လို့ ပိတ်ခိုင်းတာလဲ”

“တော်ကြာ ရုပ်ရှင်ကောင်းနေတုန်း ဖုန်းထအော်ရင် ရုပ်ရှင်ကြည့်နေတဲ့သူတွေ အာရုံပျက်မှာ စိုးလို့ပေါ့”

“အော် . .အင်း ပိတ်လိုက်မယ်”

ကျနော် ခါးကြားထဲက ဖုန်းကိုထုတ်ပြီး အားနေတဲ့လက်တဖက်နဲ့ပါဝါပိတ်လိုက်တယ်၊ မီးကလဲ သူ့ဖုန်းကို လက်ကိုင်အိပ်ထဲက ထုတ်လို့ပါဝါပိတ်လိုက်တယ်။

ရုပ်ရှင်ပြနေတဲ့ ကာလတလျှောက်လုံး မီးကို ဖက်ထားရတာ အဆင်ပြေပေမဲ့ နမ်းရတာကတော့ သိပ်အဆင်မပြေ၊ ဒီ 3D မျက်မှန်ကြီးက ကန့်လန့်ကန့်လန့်၊ နာမည်ကြီးကားမို့လားမသိ ပျင်းစရာအခန်း တောင်မပါ၊ ဒါကြောင့် အနမ်းကို အကြွေးမှတ်ထားပြီး ရုပ်ရှင်ကိုဘဲ စိတ်ဝင်တစားကြည့်မိတယ်။

“ကောင်းလား”

“အင်း အရမ်းကောင်းတာဘဲ၊ ကိုယ့်မျက်စိရှေ့ရောက်လာသလိုဘဲ လန့်လန့်သွားတယ် သိလား”

“ဒီလောက်ဖက်ထားတာ လန့်သေးလို့လား”

“လန့်တာပေါ့၊ ရုပ်ရှင်ကကောင်းလွန်းတော့ ဖက်ထားတာ ဘယ်ရောက်သွားမှန်း တောင်မသိဘူး”

“ဟိုကို သွားအုံးမလား”

“အင်း သွားမယ်လေ၊ နောက် ခန ခန တွေ့ဘို့မှ မလွယ်တာ၊ ခု ဘယ်နှစ်နာရီရှိပြီလဲ မသိဘူး . . အဲတော့ ၁၂ နာရီတောင်ထိုးတော့မယ်၊ သွားလို့ရသေးလား”

“ရတာပေါ့”

ဒါနဲ့ဘဲ အဲဒီ ဘားရောက်သွားတယ်၊ အထဲဝင်သွားတော့ လူကများနေတာနဲ့ ကတဲ့စင်ပတ်လည်မှာ ထိုင်ဘို့ နေရာမရ၊ အထဲကို နဲနဲပါးပါးလျှောက်ကြည့် လိုက်တော့ ဒေါင့်နားက အတွဲတတွဲက ထသွားတာမို့ လှမ်းမေးလိုက်တယ်။

“are u coming back”

“no . . all yours”

“thanks”

“လာ” ဆိုပြီး မီးကို အထဲက ခုံမှာနေရာပေးလို့ ကျနော် အပြင်က ပိတ်ထိုင်လိုက်တယ်။

မီးက စင်ပေါ်မှာ တိုင်ကိုပတ်ပြီး အပေါ်ပိုင်း တုန်းလုံးနဲ့ ကနေတဲ့ ကောင်မလေးတွေ ကိုငေးလို့။ သိတဲ့အတိုင်း သူတို့ကနေတာက ရိုးရိုးမဟုတ်၊ ကုန်းလိုက် ကွလိုက်၊ ဖြဲလိုက်၊ ကားလိုက်၊ နည်းမျိုးစုံနဲ့ အောက်ကထိုင်နေတဲ့သူတွေကို ရွပြနေကြတာ ဆိုတော့

“ဘာလဲ ညီးလုပ်တဲ့ exercises လိုဘဲလား”

“အိုး ဘယ်ကလာ၊ မီး အဲလောက် ပက်ပက်စက်စက်ကြီး မလုပ်ပါဘူး”

“ခု သိသွားပြီဘဲ နောက်လုပ်ပေါ့”

“သွား . . ဦးကဒီလာပြီး ဒါတွေ သရေလာကျနေတာ ဟုတ်တယ်မို့လား”

“ဟဲ ဟဲ ဟဲ ဟဲ ကျချင်စရာကိုး . . oh .. yes. 2 corona please”

တဆက်တည်း အနားလာမေးတဲ့ စာပွဲထိုးမလေးကို ဘီယာ ၂ လုံးမှာလိုက်တယ်။ စာပွဲထိုးမလေးထွက်သွားပြီး၊ နောက်တယောက် ဘန်းလေးနဲ့ ရောက်လာတယ်၊ အဲဒါက အရက်ပြင်းတွေ ပက်ချင်ခွက်တွေနဲ့ထည့်ထားတာ၊ ဘာလဲလို့ မေးလိုက်တော့ hennessy တဲ့၊ ဒါနဲ့ ၂ ခွက်လှမ်းယူလိုက်တယ်၊ ပိုက်ဆံတောင်းတာနဲ့ တခါတည်း အရက်ဖိုးပါ ပေးလိုက်ရတယ်။

“ဦး အပြင်းတွေ သောက်မလို့လား”

“သောက်မယ်လေ၊ တယောက်တခွက်”

“မီး ဒီတခွက်ဘဲသောက်မှာနော်၊ နောက် ဦးသောက်ချင် ဦးဖာသာသောက်”

“ကြိုက်သလောက်သောက်၊ မူးပြီးလဲသွားရင်ချီခေါ်သွားပြီး ပြန်ပို့ပေးမယ်”

“မပို့ပေးလို့ရမလား”

ပြောနေတုန်း စောစောက မှာလိုက်တဲ့ ဘီယာလာချတယ်၊ သူလဲ ဘီယာဘိုး တခါတည်းရှင်းလိုက်ရတယ်။

“သူတို့က တခါတည်း ပိုက်ဆံပေးရတယ်ဟုတ်လား”

“အင်း ဒီမှာ ဒီလိုဘဲ၊ တော်ကြာအမူးလွန်သွားပြီး သူတို့ပိုက်ဆံမရမှာစိုးလို့နေမှာပေါ့”

“အင်း၊ ဟုတ်မယ်”

“ဒါအရင်ချမယ်”

ပြောပြောဆိုဆို စောစောကလှမ်းယူထားတဲ့ hennessy ခွက်ကိုကောက်ကိုင်လိုက်တော့ မီးကလဲ တခွက်လှမ်းယူတယ်။ ခွက်ကိုမြှောက်လို့

“ချီးယားစ် . . နေအုံး နေအုံး ဘာပြောရမလဲ ဆိုတော့ . . .”

ခွက်ကို မြှောက်ရက်တန်းလန်း ကနေ ရုတ်တရက်

“ဦး နဲ့ မီး အပျော်ဆုံးည”

“ဟုတ်တယ် ခစ် ခစ် ခစ် ခစ် ဦးနဲ့မီး အပျော်ဆုံးည”

ဆိုပြီး ခွက်ချင်းတိုက်လို့ မော့ချလိုက်တယ်။ ကျနော်ကတချက်တည်း မော့ချလိုက်ပေမဲ့ မီးက သောက်နေကျမဟုတ်တော့ နဲနဲလေးသောက်ကြည့်ပြီး

“အား ပြင်းလိုက်တာ” တဲ့၊ မျက်နှာကို ရှုံ့မဲ့လို့။

“တခါတည်း မော့၊ တခါတည်း မြိုချလိုက်၊ ပြီးတာနဲ့ ဒီဘီယာကို နဲနဲသောက်ချလိုက်”

“ဘီယာအရင် နဲနဲသောက်လိုက်အုံးမယ်”

“အင်း ဘီယာတငုံလောက်သောက်ပြီးတာနဲ့ ဒါကိုတခါတည်းမော့၊ ပြီးဘီယာကိုပြန် သောက်”

“အီး . . . ပူလိုက်တာ၊ ရင်ဘတ်ထဲ တခါတည်း ပူဆင်းသွားတာဘဲ”

“အမလေး မသောက်ဘူးတာကျနေတာဘဲ၊ မင်္ဂလာဆောင်တုန်းက ညီးမူးတာ ငါမသိဘူးများမှတ်နေလား”

“အဲလို ဘာမှမရောဘဲ တခါမှမသောက်ဘူး ဘူးဦးရ၊ အဲဒီတုန်းက အချိုရည်တွေ နင်းကန်ရောထားတာ”

“အဲလို ပူတာလဲ အရသာတမျိုးပေါ့၊ မဟုတ်ဘူးလား”

“ဦးက မီးကို အတတ်ကောင်းတွေ သင်ပေးနေတယ်ပေါ့လေ”

“အင်း” ဆိုပြီး မီးနားအတင်းတိုးထိုင်လို့ ခါးကိုတင်းတင်းဆွဲဖက်ပြီး သူ့နား နားကပ်လို့ လေသံလေးနဲ့ပြောလိုက်တယ်။

“အဲဒါဘာဖြစ်လို့လဲ သိလား”

မီးကလဲ ကျနော့်နား နားကပ်ပြီးလေသံလေးနဲ့ ပြန်ပြောတယ်၊

“သိတယ်”

“ဘာသိတာလဲ”

“သိပါတယ်ဆို”

“ပြောပြရမလား”

“ဟင်အင်း မပြောနဲ့”

“ဒါဆို နမ်းအုံးမယ်”

“ဒီလောက်လူတွေအများကြီး”

“ဟိုး မှာတွေ့လား နမ်းနေကြတာ၊ အဲဒါမှ ကိုယ်ပိုင်မှန်း သူများတွေသိမှာပေါ့”

တယောက်တလှည့် နား နားကပ်လို့ တိုးတိုးလေးပြောရတယ်။ အဲလိုမပြောလို့လဲမရ၊ အထဲမှာ သီချင်းသံက ဆူညံနေတာကိုး။

မီးကဘာမှပြန်မပြောတော့ တင်းတင်းဆွဲဖက်လို့ နှုတ်ခမ်းကို ဆွဲစုတ်လိုက်တယ်၊ ခုမှ မီးနှုတ်ခမ်းက ပိုချိုနေသလိုဘဲ၊ အရက်ရှိန်နဲ့ မီးလဲစိတ်ပိုကြွနေတယ်ထင်တာဘဲ၊ အတော်ကြာတော့မှ အရှိန်နဲနဲပြေပြီး

“သူတို့ကတာ ကြည့်အုံးမယ်၊ ဦးကဲတာနဲ့ သူတို့ကတာ မကြည့်လိုက်ရဘဲနေအုံးမယ်”

“သေချာမှတ်ထား၊ နောက် ဦးကို ကပြ”

“မကတတ်ပါဘူး”

“ဒါကြောင့် သေချာကြည့်ထားဆို”

“အင်း ကြည့်ထားမယ်၊ ခေါင်းနဲနဲဖယ်အုံး ကွယ်နေတယ်”

စားပွဲထိုးမလေး လျှောက်လာတာနဲ့ နောက်ထပ် ဘီယာ ၂ လုံး ထပ်မှာတော့၊ သူက သောက်ထားတဲ့ အရက်ခွက်ကို သိမ်းလိုက်ပြီး ဒါရောယူအုံးမလားလို့ ထပ်မေးတာနဲ့ နောက် ၂ ခွက် ထပ်မှာလိုက်တယ်၊

“သူတို့က အောက်ပိုင်း မချွတ်ဘူးနော်”

“အင်း ဒီဆိုင်မချွတ်ဘူး၊ တချို့ဆိုင်လဲ ချွတ်တယ်၊ ဘာလဲ ချွတ်တာကြည့်ချင်လား”

“အိုး မကြည့်ချင်ပါဘူး မေးကြည့်တာ တခါ တခါ ရုပ်ရှင်ထဲပါလို့”

“ကြည့်ချင်ရင် ရတယ်လို့၊ ဟိုမှာ လူမည်းကြီး ထိုင်နေတဲ့ အနောက်က အခန်းတွေ့လား၊ အဲဒါ စပယ်ရှယ်ခန်း၊ အဲဒီထဲ ခေါ်သွားရင် စပယ်ရှယ်ကပြတာ၊ ကိုယ်လုံးတီး၊ ဈေးကြီးတယ်”

“မီးက ဘာသွားကြည့်မှာလဲ၊ ဦးတို့ဘဲ သွားတာမှုတ်လား”

“ဟင်အင်း ဦးလဲ အဲဒီထဲ တခါမှမသွားဘူးဘူး၊ ရိုရိုးခန်းဘဲသွားတာ၊ အောက်ပိုင်းမချွတ်ဘူး”

“မယုံပါဘူး”

“အော် တကယ်ပြောတာ၊ ဦးအတွက်က ရိုးရိုးဆိုလုံလောက်ပြီ အပြင်းပြေလာတဲ့ဟာ”

“ဦးနဲ့လာတဲ့ သူငယ်ချင်းတွေရော စပယ်ရှယ်ခန်းမသွားဘူးလား”

“သွားတယ်၊ သူတို့ပြောပြလို့ သိတာ”

ပြောနေတုန်း မှာထားတာလာချပေးတော့ ပိုက်ဆံလှမ်းပေးရင်းဘောက်ဆူးပါ ပေးလိုက်တယ်။

“ကဲ နောက်တခွက်”

“တော်ပြီဆို”

“တဝက်သောက်”

“သိပ်မူးနေမှာ”

“မူးပစေပေါ့၊ မူးဘို့လာတဲ့ဟာ”

“ဦးကလေ၊ ပေး”

၂ ယောက်စလုံးခွက်ကိုယ်စီကိုင်ပြီး

“ဝမ်း တူး သရီး”

မော့ချလိုက်တယ်၊ မီးလဲကုန်သွားတယ် တခွက်လုံး၊ ပြီးတော့ ကမန်းကတမ်း ဘီယာကို တဂွတ်ဂွတ် နဲ့ မော့ချနေတယ်။ ပြီးတော့ နား နားကပ်ပြီး

“မီးကို အတင်းဖက်ထား”

နဂိုက ကပ်နေတဲ့အထဲ အတင်းထပ်ကပ်ပြီး ဖက်ထားတဲ့လက်က အားထပ်ဖြည့်လိုက်တယ်၊ အင့်ကနဲ အသံနဲ့အတူ မီးကိုယ်က ကျနော့်ကိုယ်နဲ့ တထပ်တည်းနီးပါးလောက် ကပ်သွားတယ်။

တဆက်တည်း ကျနော့်နှုတ်ခမ်းက မီးလည်တိုင်ဆီရောက်သွားပြီး ဖွဖွလေး နမ်းရင်း ပွတ်ကစားတော့ မီးဆီက ခိုးခိုးခစ်ခစ် အသံတိုးတိုးလေးထွက်လာတယ်။

မှာထားတဲ့ ဘီယာတွေကုန်တော့ မီးလက်ကနာရီကို ဆွဲကြည့်လိုက်တယ်၊ တနာရီခွဲခါနီး၊ ဘာလိုလိုနဲ့ အထဲမှာ တနာရီကျော်ကြာသွားတာ ခနလေးလိုပါဘဲ၊ ဒါနဲ့ မီးကိုမေးလိုက်တယ်။

“ပြန်တော့မလား”

“အင်း . . မပြန်ခင် မီးလဲ ဟိုမှာ ကနေတဲ့ သူတွေကို ပိုက်ဆံသွားထိုးချင်တယ်၊ ရမလား”

“ရတာပေါ့”

စင်အောက်မှာ ထိုင်နေတဲ့သူတွေက ကနေတဲ့သူ အနားရောက်လာရင် ကျပ်တန်လေးတွေ သူတို့ လက်တဝါးစာ ဘောင်းဘီကြိုးကြားထိုးထည့်ပေးလိုက်၊ ကမ်းပေးတဲ့ ပိုက်ဆံကို နို့၂ လုံးနဲ့ ညှပ်ယူလိုက်လုပ်နေတာကို ကြည့်ပြီးပြောတယ်။

အတော်ဘဲ ညည့်နဲနဲနက်လာတော့ ထိုင်နေသူတချို့ထပြန်သွားလို့ ခုံကလွတ်သွားတယ်။ ဒါနဲ့ အိပ်ထဲက ရှိသမျှ ကျပ်တန်တွေ ရှာထုတ်လိုက်ပြီး

“လာ”

စင်ရှေ့ခုံမှာ ထိုင်မိတော့

“ဦး အရင်လုပ်ပြ”

ခနနေတော့ ကနေတဲ့ ကောင်မလေးတယောက် လှုတ်တုတ်လှုတ်တုတ်လုပ်ပြရင်း ကျနော့်ရှေ့ရောက်လာတယ်၊ ကျနော်ကျပ်တန်လေးထောင်ပြတော့ နို့ ၂ လုံးနဲ့ ဆွဲညှပ်ယူသွားတယ်၊ ပြီးတော့ မီးဘက်ကို ဖင်ပေးပြီး လာလှုတ်ပြနေတယ်။

“ရော့ . ဘောင်းဘီကြားထဲ ထိုးပေးလိုက်”

ဆိုပြီး မီးကိုပိုက်ဆံလှမ်းပေးတော့ မီးက ဘောင်းဘီကြားထဲ ထိုးဘို့လုပ်တယ်၊ ကနေတဲ့ ကောင်မလေးက ထည့်ရလွယ်အောင် ဘောင်းဘီက လက်တဝါးစာ အစလေးကို ချည်ထားတဲ့ ကြိုးကို ဟပေးတယ်။

ထည့်ပြီးသွားလို့ ကောင်မလေးထွက်သွားတော့ မီးက ကျနော့်ကို ဖက်လို့ ရင်ခွင်ထဲ မျက်နှာအပ်ပြီး ခစ် ခစ် ခစ် ခစ် နဲ့ ရယ်တယ်။ ဘာကိုသဘောကျတယ်မသိ။ဒီလိုနဲ့ ကျနော့်ရှိသမျှ ကျပ်တန်လေးတွေ ပြောင်သွားတော့

“ကုန်ပြီ သွားစို့”

“အင်း”

“နေအုံး ရေအိမ်ဝင်အုံးမယ် ဘယ်မှာလဲ”

“ဟိုနားမှာ လာ”

မီးက မိန်းမအိမ်သာထဲ ဝင်သွားတော့ ကျနော်လဲ ယောက်ကျားအိမ်သာလှမ်းဝင် လိုက်တယ်၊ ကိစ္စပြီး အပြင်ရောက်လာတော့

“မူးနေလား”

“မူးတော့မူးတယ်၊ အရမ်းကြီးတော့ မမူးဘူး တော်သေးတာပေါ့”

“ပျော်လား”

“အင်း အရမ်းပျော်တာဘဲ၊ မီးတခါမှ အဲလိုတွေ မလုပ်ဘူးဘူး သိလား”

ဆိုပြီး ကျနော့်ခါးကို လာဖက်တယ်။

မီးသူငယ်ချင်းနေတဲ့ ပါကင်ဝင်းထဲရောက်တော့လွတ်တဲ့နေရာကားဝင်ထိုးလိုက်ပြီး

“အိမ်တောင်မပြန်ချင်သေးဘူး”

“မီးလဲ မပြန်ချင်သေးဘူး”

“တကယ်လား”

“အင်း”

“ဒါဆိုဟိုဘက် နဲနဲတိုး”

“ဘာလုပ်မလို့လဲ”

“မပြန်သေးဘူးလေ၊ မီးနဲ့ ဒီကားထဲ အတူတူနေအုံးမယ်၊ ဟိုဘက်နဲနဲတိုး မီးခုံကို ကူးလာမလို့”

ကျနော် ဟိုဘက် မီးထိုင်တဲ့ ဘက်ကိုခွကျော်ပြီးရောက်သွားတော့

“ခုံကို နောက်ဆုတ်ပြီး အမှီကို အောက်လှဲချလိုက်မယ်၊ မီးက အပေါ်ကနေ၊ ၂ ယောက်အတူတူထိုင်လို့မရဘူး”

“ခစ် ခစ် ခစ် ခစ် ဦးကလဲ ကြံကြံဖန်ဖန်”

၂ ယောက်သား နေရာကျဉ်းကျဉ်းလေးထဲ ဟိုရွေ့ဒီရွေ့ဖြစ်သွားပြီး နောက်ဆုံး ခုံပေါ်မှာ ကျနော်က ပက်လက်၊ မီးက ကျနော့်ပေါ်ခွလို့ မှောက်ရက်၊ အံကိုကျလို့။

ကျနော် အောက်ကနေ မီးခါးကို ဖွဖွလေးပွတ်ပေးရင်း

“ခုမှ အဆင်ပြေသွားတယ်၊ မီးအပေါ်ကအဆင်ပြေလား”

“အင်း ဒီ ခါးပတ်ခေါင်းကြီးက လာထောက်နေတာ နာတယ်”

“ခါးပတ်မှဟုတ်ရဲ့လား”

“ဟုတ်ပါတယ် ခစ် ခစ် ခစ် ဒါကြီးကိုပြောတာ”

မီးက ကြားထဲ လက်လျိုလို့ ကျနော့်ဘောင်ဘီက ခါးပတ်ခေါင်းကိုဆွဲကိုင်ပြရင်း ပြောတယ်။

“ဖြုတ်လိုက်လေ”

“ခစ် ခစ် ခစ် ခစ်” မီးကရယ်ရင်း ကိုယ်ကိုအသာကြွလို့ ခါးပတ်ကို တကယ်ဆွဲဖြုတ်တယ်။ ခါးပတ်က ခေါင်းပြုတ်သွားပေမဲ့ ဂွင်းကလျိုထားတာမို့ တခုလုံးပြုတ်အောင် ခေါင်းကိုကိုင်ပြီး ဆွဲထုတ်လိုက်တယ်။ ခါးပတ်ပြုတ်သွားတော့ မီးက ကိုယ်ပေါ်ပြန်လှဲချလိုက်တယ်၊ မီးက ခါးပတ်ဖြုတ်ဘို့ ခွထားတဲ့ကိုယ်ကို အောက်နဲနဲလျှောလိုက်ရတာမို့ အခြေအနေတခုကို သတိထားမိသွားပြီး

“ထောက်တုန်းဘဲလား”

“သွား”

“ဒါက ဖြုတ်လို့မရဘူး”

“ခစ် ခစ် ခစ် ခစ်”

အဲဒီထောက်ထားတဲ့ နေရာ အပေါ်ကနဲနဲလှုတ်သွားတယ်၊ အဆင်ပြေသွားတော့

နှုတ်ခမ်းကို စုတ်တယ်၊အင်္ကျီ နောက်က ဇစ်ကိုဖြုတ်တယ်။အတွင်းက ဘရာချိတ်ကိုဖြုတ်တယ်၊ချောင်ချောင်ချိချိဖြစ်သွားတဲ့ အင်္ကျီအောက် လက်လျိုဝင်သွားတယ်၊

ခနကြာတော့ ပြန်ထွက်လာပြီး စကပ်ကဇစ်ကိုဖြုတ်တယ်၊ ပြီးတော့ ချောင်သွားတဲ့ စကပ်ကို ခါးထိ အပေါ်ပင့်တင်လိုက်တယ်။ မီးတကိုယ်လုံးကို ကိုင်ချင်သလိုကိုင်နေရာက

“မီး”

“အင်”

“မီးကို ဦး အရမ်းချစ်မိသွားပြီ”

“အိုး . . မပြောပါနဲ့ဆိုမှ”

“ဘာလို့လဲ”

“သိဘူးကွာ၊ မကြားရဲဘူး”

“မီးရော ဦးကိုချစ်လား”

“မသိဘူးလား၊ ဒီမှာ ဦးလုပ်သမျှအကုန်ခံနေတာ လူကို ရွစိတက်လို့ ခံနေတယ်များ မှတ်နေလား”

“ကြားချင်တာကိုး၊ တခါတည်း တခါတည်း တိုးတိုးလေး နားနားကပ်ပြော”

“ဒီမှာ ဦးကိုချစ်လို့ သေတော့မယ် သိလား”

“မီးရယ်”

“အမလေး အို့ . . အိုး . . . .”

“ဟဲ ဟဲ ဟဲ ညီးကလေ”

“အိုး . . ဘယ်လာကိုင်တာလဲ”

“ဒီဘောင်းဘီ ကရှုတ်လိုက်တာ၊ ချွတ်လိုက်ရင်ကောင်းမယ်”

“အာ . . ဒါချွတ်လိုက်ရင် ကုန်ပြီပေါ့”

“တော်ကြာ အထဲလက်အတင်းထိုးထည့်လို့ ဒီအတွင်းခံပြဲသွားရင် ဘယ်လိုလုပ်မလဲ”

“ဦးကတော့လေ တော်တော်ကဲတယ်”

“ညီးကတော့လေ၊ ခြေထောက်ကို တည့်တည့်ဆင်းလိုက်လေ၊ ဒါမှချွတ်လို့ရမှာ”

“ဦးကတော့ တကယ်ဘဲကွာ၊ လူကိုမျိုးစုံလုပ်နေတာဘဲ”

“ကောင်းလား”

“သွား သိဘူး၊ ဘာတွေလာမေးနေတာလဲ”

“သိပါတယ်နော် ဒီမှာရွဲနေတာ”

“တော်ပြီ တော်ပြီ ဘာမှမပြောနဲ့တော့၊ လုပ်လုပ် ကြိုက်သလိုလုပ်၊ တခါတည်း အကုန် လျှောက်ပြောနေတာဘဲ”

“ညီးလဲ ငါ့ကို ငါလုပ်သလိုလုပ်လေ”

“လုပ်ပါဘူး”

“လုပ်ချင်နေတာမို့လား”

“မလုပ်ချင်ပါဘူး”

“ခံဘဲခံချင်တယ်ပေါ့”

“ကြည့် ပြောပြန်ပြီ”

“ဟီး ဟီး ဟီး ဟီး ကောင်မလေး ရှက်နေတယ်ဟေ့”

“သွား”

တဖြေးဖြေးနဲ့ နောက်တော့လဲ မရှက်တော့ပါဘူး၊ ဒါပေမဲ့ အဲဒီညက ကားပေါ်မှာ အဆုံးစွန်ထိမဖြစ်လိုက်ပါဘူး၊ ဒါပေမဲ့ ၂ ယောက်စလုံး စိတ်ကြေနပ်သွားကြတယ်။ လက်နဲ့ဘဲ ကိစ္စပြီးသွားကြတယ်ဆိုပါစို့၊ ကားပေါ်ပါလာတဲ့ တစ်ရှုးစက္ကူတဗူးကတော့ ကုန်လုနီးပါးဘဲ သုတ်လိုက်ရတာ။

..................................................................................................................................................

အခန်း ( ၁၅ )

မနေ့ညက မီးအိမ်ထဲဝင်သွားတော့ မနက် ၄ နာရီ နဲနဲတောင်စွန်းရောပေါ့၊ ပြန်တော့မယ်ပြောပြောပြီး ကားထဲက မထွက်ဖြစ်တဲ့ အကြိမ်ပေါင်းကမနည်း။ မီး သူ့သူငယ်ချင်းနေတဲ့ အခန်းထဲ သော့ဖွင့်ဝင်သွားတဲ့ အထိစောင့်ကြည့်ပြီးမှ ပြန်ခဲ့တယ်။ ဒါတောင် မခွဲချင်ဘဲ ခွဲခဲ့ရတာ။

အိမ်ရောက်ပြီး နေလို့မရ၊ ခါတိုင်းဆိုအဲဒီလို အပေါင်းအသင်းတွေနဲ့ အပြင်မှာဆုံပြီးရင် စိတ်ထဲဘာမှမကျန်၊ အိမ်ပြန်ရောက်ပြီး အိ်ပ်လိုက်ရင်တုန်းကနဲ၊ နောက်နေ့ နေ့လည်စာ စားချိန်လောက်မှထပြီး မနက်စာနဲ့ နေ့လည်စာပေါင်းစားတတ်တဲ့ သူကခု ပြန်လာပြီး အိပ်မပျော်၊ ခေါင်းထဲမှာ တချိန်လုံး ဒီအကြောင်းဘဲ စဉ်းစားနေမိတယ်။

ငါမီးကို ချစ်မိသွားပြီ၊ အင်း ချစ်သွားပြီထင်တာဘဲ၊ အဲ မဟုတ်ဘူး ချစ်သွားတာသေချာတယ်၊ အာ မဖြစ်သေးပါဘူး၊ ချစ်လို့ဘယ်ဖြစ်မလဲ၊ အခြေအနေက ဖြစ်မှမဖြစ်နိုင်တဲ့ဟာ၊ ငါ့နဲ့နော် ချစ်တယ်လို့ ပြောဖြစ်အောင် ပြောလိုက်သေးတယ်၊ ငါကလဲငါ စိတ်ထဲဖြစ်လာရင်ပြောလိုက်ရမှ ရှေ့နောက်သိပ်မစဉ်းစား၊ မီးနဲ့မို့လဲ မစဉ်းစားဖြစ်တာနေမှာ၊ မီးနဲ့က ဒီလိုအားမနာတမ်းပြောနေကျဆိုတော့။

တကယ်ဆို မီးကိုချစ်တယ်လို့ ပြောဘို့ မရည်ရွယ်ထား၊ ချစ်နေမှန်းလဲ ကိုယ့်ဟာကိုယ်မသိ၊ အချစ်ဆိုတာ အိမ်ထောင်ကျပြီးကတည်းက ပြီးဆုံးသွားပြီထင်နေတာ၊ ခုလဲ မီးနဲ့ နေ့တိုင်း ပြောဆိုနေတာ သာယာပြီး ဘူးကျနေတယ် လို့ဘဲထင်ထားတာ၊ တကယ်တန်းရိုင်းရိုင်းဝန်ခံရရင် ရရင်ဗျင်းမယ်ကွာ လို့ဘဲကိုယ့်စိတ်ထဲက ထင်ထားတာ၊ ဒါပေမဲ့ ကိုယ့်စိတ်က အဲဒီဗျင်းမယ်ကွာ ဆိုတာကြီး ပျောက်ပြီး သံယောဇဉ်ဝင်နေတာ ကိုယ့်ဟာကိုယ်တောင် သတိမထားမိ၊ ခုမှသေချာသိတယ် ချစ်နေမှန်း။

ဟုတ်မယ်၊ မီးကတော့ ငါ့လိုခုမှ သေချာသိတဲ့ပုံမျိုးတော့မဟုတ်၊ သူအစောကြီးကတည်းက အဲဒါတွက်ထားပုံဘဲ၊ ငါ့ကိုငါ ဘာမှန်းသေချာမသိဘဲ သူ့ကို ဘူးနေကတည်းက ဒါကိုသူစဉ်းစားမိပုံဘဲ၊ ဒါကြောင့်နေမှာ သူငါ့ကို လွန်လွန်ကြူးကြူးမဖြစ်အောင်နေဘို့ ပြောတာ၊ သူလဲ ရွထလို့ တွေ့တယ်ဆို ဒါမျိုးဘယ်တားမလဲ၊ အပီယူသွားမှာပေါ့၊ အဲဒါလေးတခုထိမ်းလို့က ဘာအကျိုးထူးမှာလဲ၊ ငါကလဲ ငါ့မိသားစုနဲ့ငါ၊ သူကလဲ သူ့ဟာနဲ့သူ၊ ပတ်သက်မှု့မှမရှိတာ၊ ဟိုကိစ္စအတွက်သက်သက်ဆို ဟိုလိုဘဲ ပီပီပြင်ပြင်လုပ်သွားမှာပေါ့၊ မဟုတ်ဘူးလား၊ ငါ့ကိုသူကြွေအောင် လာလုပ်လို့ ဘာအကျိုးထူးမှာလဲ။

နေပါအုံး ဘာလို့ သူက ဒါကိုထိမ်းချင်တာလဲ၊ သူလဲအပျိုမှ မဟုတ်တော့တဲ့ဟာ၊ ဖြစ်သွားတော့ ဘာဖြစ်လဲ၊ အင် . . ဒါဆိုငါကလဲ ဘာလို့ ဇွတ်မလုပ်တာလဲ၊ ငါလုပ်ရင်လဲရတဲ့ဟာကို၊ ငါလုပ်ရင် သူက ငြင်းမှာမို့လား၊ ငါကိုယ်တိုင်က ဒါကိုမလုပ်ချင်တာ၊ အဲမဟုတ်ဘူး မလုပ်ရဲတာ၊ အမလေး စိတ်မပါလို့မဟုတ်ဘူးမောင်၊ စိတ်ပါလိုက်တာမှ ဟိုဘက်ကမ်းတောင်လွန်သေး၊ ဒါပေမဲ့ ငါ့ရဲ့ မသိစိတ်တခုက ဒါကိုမဖြစ်အောင်တားနေသလိုဘဲ၊ မီးနေရာမှာ တခြားအပျော်မိန်းမတယောက်ဆို ငါလုပ်မိမှာကတော့ ကျိမ်းသေတယ်၊ မီးမို့လို့ ငါလုပ်ချင်ရက်နဲ့ မလုပ်တာ၊ ငါတို့ ၂ ယောက်ကြားမှာ စည်းတခုရှိနေလို့ ဒီထက်ပိုမဖြစ်သွားတာ၊ သူကငါ့ထက်ပိုတော်တယ်၊ အားလုံးကို ကြိုတွေးထားတယ်။

အဲ အဲဒါတခုကလွဲပြီး ကျန်တာအကုန်ဆိုတော့ သူများကိုပြောရင် အရူး၊ ဘာထူးလို့လဲ လို့ပြောမှာကတော့ အသေအချာ၊ ပြောလဲခံမယ် ကိုယ့်လူ၊ အဲဒီကျန်တာတွေကို မလုပ်ဘဲလဲ မနေနိုင်ဘူး၊ တွေ့တာက ကိုယ်ကြိုက်တဲ့သူပါဆိုမှ၊ လက်ပိုက်ပြီး ငြိမ်ငြိမ် ဘယ်လိုထိုင်နေနိုင်မလဲ၊ နဂိုကတည်းက ထိချင်ကိုင်ချင်နေတဲ့ဟာကို၊ ထိချင်ကိုင်ချင်လို့လဲ ဒီလိုဖြစ်လာတဲ့ဟာကို၊ အကုန်လုပ်လိုက်ရင် စည်းအကုန်ဖေါက်သလိုဖြစ်သွားမှာပေါ့၊ အဲဒီတခုမလုပ်တော့ စည်းတခု မချိုးရာရောက်တာပေါ့၊ စိတ်သန့်တာပေါ့၊ ဟုတ်လား၊ အင်း ဟုတ်မယ်လို့ထင်တာဘဲ၊ မီးလဲ ငါ့လိုတွေးမိတာနေမှာ၊ ဒါကြောင့်မို့နေမှာ သူမထိမ်းဘူး ငါ့ကိုထိမ်းခိုင်းတာ၊ မဟုတ်ဘူး မဟုတ်ဘူး၊ မထိမ်းခိုင်းပါဘူး၊ ငါလုပ်ချင်ရင်လုပ်၊ သူကတော့ ဒီလိုရှိတယ်လို့ ပြောချင်တာနေမှာ၊ သူစကားကုန်ပြောပြီးပြီဘဲ။ ငါ့ကိုချစ်လို့ သေတော့မယ်တဲ့။

အချစ် . . တော်တော်ဂွကျတဲ့ကောင်၊ ဘယ်တော့မှ တသမတ်တည်းမနေဘူး၊ မလုပ်သင့်တဲ့ နေရာလဲ ဝင်ရှုတ်၊ လုပ်သင့်တဲ့ နေရာလဲ ဝင်ရှုတ်၊ နည်းမျိုးစုံနဲ့ လူတကာကို လိုက်ဒုက္ခပေးနေတဲ့ကောင်၊ ခုလူကိုပျော်အောင်လုပ်လိုက်၊ ခု စိတ်ညစ်အောင်လုပ်လိုက်နဲ့၊ ခုလည်း မီးနဲ့ ငါ့ကြားမှာ ဝင်ရှုတ်ပြန်ပြီ။

မီးကတော့ တခွန်းထဲပြောသွားတယ်၊ ငါ့ကိုချစ်လို့ သေတော့မယ်တဲ့၊ ဒီစကားက သေချာစဉ်းကြည့်ရင် တော်တော်တာသွားတာနော်၊ ဟုတ်မယ် ဒါကြောင့်နေမှာ ငါပြောတဲ့ စကားကိုမကြားရဲဘူးလို့ပြောတာကိုး၊ ဟုတ်တယ် တော်ပြီ တော်ပြီ ငါမီးကို ချစ်တဲ့အကြောင်းမပြောတော့မှနဲ့ တူတယ်။

အာ မပြောလို့ဘယ်ဖြစ်မလဲ၊ ပြောရမယ်၊ ချစ်တဲ့အကြောင်းရော လုပ်သင့်တာကိုရော ပြောရမယ်၊ တိုင်ပင်ရမယ်၊ တကယ်တမ်းဆို လုပ်သင့်တာကတော့ တခုဘဲရှိတယ်၊ ဘယ်သူ့မမေးမေး ဒီတခုထဲပြောမှာဘဲ၊ ဒါပေမဲ့ ငါတို့က ဒီတခုကို ခုလုပ်လို့မဖြစ်ဘူး၊ လုပ်လဲမလုပ်နိုင်သေးဘူး၊ လုပ်လဲမလုပ်ချင်သေးဘူး၊ ဒီတော့ကာ လုပ်သင့်တာကို မလုပ်ဖြစ်ဘို့ တိုင်ပင်ရမယ်၊ ဟုတ်တယ် မလုပ်သင့်တာ လုပ်ရမယ်။ မိုက်တယ်ပြောပြော ဘာပြောပြော၊ မီးကတော့ လက်ခံမှာပါ၊ အစကတည်းက လက်ခံ လို့ ဒီလိုတောင်ဖြစ်လာပြီးတဲ့ဟာ၊ ဟုတ်တယ် ရှေ့ဆက်တိုးရမယ်၊ မတိုးလို့မရဘူး၊ တိုးဘို့ဖြစ်လာပြီဘဲ၊ တိုးကိုတိုးရမယ်၊ တုံချိ တုံချိ နေလို့မဖြစ်ဘူး၊ ကဲ ကြာတယ်၊ လာထား၊ ဟိုစစ်ကားထဲကလို အော်လိုက်မယ်။

“ရဲဘော် . . တက်က်က်”

တမနက်လုံး ဟိုတွေး ဒီတွေးနဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် ချပြီးမှ စိတ်အေးသွားတယ်၊ ဘယ်နှစ်နာရီ ရှိပလဲမသိ၊ နေ့လည် ၁ နာရီတောင်ကျော်ပြီ၊ မီး အိမ်ပြန်ရောက်နေပလားမသိ၊ အာ . . မရောက်သေးဘူးထင်တယ်၊ ဟုတ်မယ် မသကာလမ်းမှာလောက်ဘဲရှိအုံးမှာ ဖုံးဆက်ကြည့်အုံးမှ။

မယောင်မလည်နဲ့ အိမ်ပြင်ထွက်လာပြီး ခြံထဲလျှောက်ကြည့်သလိုလိုနဲ့ မီးဆီဖုန်းလှမ်း ဆက်လိုက်တယ်။

“ဦး”

“ခု ဘယ်မှာလဲ အားလုံးအဆင်ပြေလား”

“အင်း ပြေတယ်၊ ခု ရထားပေါ်မှာ၊ ဂျနီဖာနဲ့”

“ဘယ်ကနေဘယ်လို ရထားပေါ်ရောက်သွားတာလဲ”

“ဂျနီဖာ မနက်ကမှအိမ် ပြန်ရောက်လာပြီး ကားမမောင်းနိုင်လို့ ခု ရထားနဲ့ ပြန်ပို့ပေးတာ”

“ဘာဖြစ်လို့လဲ”

“ညက သောက်တာများသွားပြီး ခု ခေါင်းကိုက်နေလို့တဲ့၊ ခုရထားပေါ်မှာ သူအိပ်နေတယ်”

“ဘူတာမှာ ညီးလူလာကြိုမှာလား”

“အင်း လာကြိုမယ်၊ ဖုန်းဆက်ထားတယ်၊ ဂျနီဖာကတော့ မီးကို သူ့လက်ထဲအပ်ပြီး ချက်ခြင်းပြန်မှာ”

“အင်း အင်း အဆင်ပြေတယ်နော်”

“ပြေပါတယ်ဆို”

“ဒါဆို မနက်ဖြန်မှ ဆက်မယ်၊ ရုံးက ဆက်လိုက်မယ်”

“အင်း . . ဒါဘဲနော်”

“အင်း”

ဟ ဘာတွေဖြစ်ကုန်ပလဲ၊ ညက ဂျနီဖာ ပြန်မအိပ်ဘူးဆိုဘဲ၊ အမူးလွန်သွားလို့တဲ့၊ အိမ်မပြန်နိုင်လောက်အောင် အမူးလွန်တယ်ဆိုတော့ ကိုဂျင် ဘာတွေလုပ်ချလိုက်ပြီလဲ မသိ၊ မေးကြည့်အုံးမှ။

ကမန်းကတမ်း ကိုဂျင်နံပါတ်ကိုဖုန်းထဲကရှာပြီးနှိပ်လိုက်တယ်။


အပိုင်း ( ၃ ) ဆက်ရန် >>>>



Print Friendly and PDF

No comments:

Post a Comment