Monday, April 16, 2018

မြစ်တစ်စင်းရဲ့ချစ်ခြင်း (စ/ဆုံး)

မြစ်တစ်စင်းရဲ့ချစ်ခြင်း (စ/ဆုံး)

ရေးသားသူ - မြကြာဖြူ

မြစ်။

မြစ်ဖျားမှသည် ပင်လယ်တိုင်။သူ စီးဆင်းရာတလျောက် ရေစီးတို့သာခဲ့ရာရှိသလို မြစ်ကျဉ်းကို ကျော်ဖြတ်ရသည်လည်းရှိ။ မြစ်တစ်စင်းရဲ့ ဖြတ်သန်းခြင်းမှာ ဘာတွေများ ဖြစ်တည်ခဲ့ပါလိမ့်။ သည်မြစ်ကရော ဘာတွေများ ခံစားမိခဲ့ပါလိမ့်လေ။

ဒေါ်မြသူဇာ ။

နာမည်ကြီး ပုဂ္ဂလိက ဆေးရုံတစ်ခုရဲ့ ပိုင်ရှင်။ "မြ ကလေ" ဆိုသော သာယာချိုအေးသော အသံပိုင်ရှင်။ အသက် ၄၀ ဆိုပေသည့် ပိန်ပါးကျစ်လစ်သော ကိုယ်ဟန် ။ နေရာဒေသနှင့် လိုက်ဖက်ညီစွာ တင့်တယ်အောင် ဝတ်ဆင်တတ်သော သူမ က ရှိရင်းစွဲအသက်ထက် ၁၀ နှစ်ကျော်မက နုပျိုသူ။

မြသူဇာ မျက်နှာချင်းဆိုင်မှ မြင်နေရသည့် CCTV မြင်ကွင်းတွေကို မျက်နှာလွှဲလိုက်ပြီး ရုံးခန်းပြတင်းပေါက်ကျယ်တွေကို ဖွင့်လိုက်သည်။ မိုးဦးရဲ့ ရနံ။ မျက်စိအစုံကို မှိတ်လိုက်တော့။ မိုးရေစက်တွေအောက်မှာ ကောင်မလေး တစ်ယောက်။ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်။ ကားတစ်စီးနှင့် သစ်ပင် ပြင်းပြင်းထန်ထန်တိုက်မိထားပြီး။ လျပ်တချက် လင်းလိုက်သည့်အချိန်မှာ လူတစ်ဦးက ကားနှင်သစ်ပင်အကြား ညှပ်ပြီး သွေးစီးကြောင်းတွေနှင့်အတူ။ သည်မြင်ကွင်းကို မြင်ခိုက် မိုးထစ်ချုန်းသံသည် သူမ ဘဝကို အဆုံးတိုင် အစိတ်စိတ်အမွှာမွှာ ချေမွလိုက်ခဲ့ပြီ။

စီးကရက် မီးခိုးငွေ့များကို လှပစွာ မှုတ်ထုတ်လိုက်တော့ မီးခိုးတန်းကလေးများက ကြည်ပြာ ရီပြာ။ သူ့ကို အတိတ်ကို ပြန်လည်ခေါ်ဆောင်သွားခဲ့ပြီ။

ခြေတုတစ်ဖက်တပ်ဆင်ထားပေသည့် မြင့်မားသောအရပ် ညိုမောင်းသော အသားအရည်နှင့် အညိုရောင်တီရှပ်တစ်ထည် အညိုရောင် ဘောင်းဘီရှည်ကိုသာ စွဲမြဲစွာဝတ်ဆင်သည့် သူ့ပုံရိပ်။ အရက်ခွက်လက်ကမချ အဆီပြန်သောမျက်နှာ မ ဆို ဘာ မ မှ အလွတ်မပေးလို့ ကြွေးကြော်လေ့ရှိသူ ယောင်္ကျားသားတစ်ဦး။ ရိုင်းစိုင်းရက်စက်သော အိမ်ဦးနတ်ကို အစဉ်အမြဲကြောက်ရသော မိန်းမတစ်ဦး သာမန်ကျောင်းသူ သမီးငယ်လေးတစ်ဦး။

မသိခဲ့သော အငြိုးအတေးတွေ။

မမြင်ခဲ့သော အာဃာတ တရားတွေ။

လူမဆန် ရက်စက်ခြင်းတွေနှင့်။

သည်ကြားထဲက မြစ်တစ်စင်းကတော့ လှပစွာ ဖြစ်တည်ခဲ့ပြီ။

သောင်တူးတန်တူး ကမ်းဖို့တန်ဖို့ ကျောက်စီတန်စီ မြစ်ကြောင်းဖြောင့်လျက် မြစ်ကို ပင်လယ်အထိ စီးစေလိုသူကရော ဘယ်ဆီမှာများ ဘယ်ကမ္ဘာသွားပါလိမ့်။

သြော် အစ်ကိုရေ။ထားရှိခဲ့တာ ရက်စက်ခြင်းလား ကြင်နာခြင်းလား ဝေခွဲမရ။ နာကျင်ခြင်းလား ပျော်ရွှင်ခြင်းလား ဝေခွဲမရ။မြစ်တစ်စင်းရဲ့ချစ်ခြင်းကတော့ အသေအချာရှိခဲ့သည်ပဲလေ။ထိုညက ကမ္ဘာပျက်သောည။

ပိန်းမှောင်နေသော ည။ မိုးတွေက မြေပြိုမလို ရွာဆဲ။ တွင်းပြို ကျလာပြီ ဆိုသော သေမင်းငင်သံ အဆုံးမှာ သူတို့ထွက်ပြေးကြသည်။ အသက်နှင့် ယှဉ်လာတော့ ဘာမှ မသယ်ဆောင်နိုင်တော့။ သို့သော် သူ တစ်ခုကိုတော့ သတိရဖြစ်အောင်ရသည်။ သူတို့ရထားသော လျို့ဝှက်ရတနာအထုပ်လေး။ ဖွက်ထားသောနေရာကနေ သူယူဖြစ်အောင်ယူလိုက်သေးသည်။ လွတ်မြောက်ရာသို့အပြေး။

" ဟိတ်ကောင် မင်း ယူလာလား"

" ပါတယ်"

မောဟိုက်သံ တိုတိုတုတ်တုတ်။ လောဘသာကြီးနေတာ။ သူတို့ပင် လွတ်မြောက်ဖို့ မသေချာ။ ကျောပေါ်က အထုတ်ရဲ့ လေးပင်မှု။ လောဘရဲ့ လေးပင်မှု။ သူ လက်လွှတ်ချမိတော်မတတ်။ သူ့ရှေ့က ဘယ်သူမှန်းမသိ။ တွင်းအပေါ်ကို အရင်ရောက်သွားသူထံ။ အထုတ်ကို မတင်ပေးလိုက်သည်။

" ကျုပ်ကို ဆွဲတင်"

သူ မျှော်လင့်မိတာ ကမ်းသော လက်။ ရောက်လာတာ သစ်သားချောင်းတစ်ခု။ တွင်းဝ ရောက်လုဆဲ။ သူ့ခေါင်းနောက်စေ့က သစ်သားချောင်းတစ်ခုရဲ့ ပြင်းထန်သော ရိုက်ချက်မှာ အသိဉာဏ်တို့ဝေဝါး။ တွယ်မှီထားသော လက်ကို အဆုံးတိုင်မလွှတ်။ သို့သော် မြေစေးများ ပေကျံနေသော တောတွင်းစီး ဖိနပ်တရံက သူ့လက်တွေကို နင်းခြေပစ်ခဲ့ပြီ။ ဒါးတစ်လက်က သူ့မှီတွယ်ရာကို အဆုံးသတ်ပေးလိုက်ပြီ။နောက်ဆုံးအားအင်ဖြင့် မော့ကြည့်သည်။ လျပ်တစ်ချက် အလင်းမှာ မျက်နှာတစ်ခု။ ငရဲအထိ ယူသွားပေမယ်။ မင်းရဲ့မျက်နှာ။ ငါ တချိန် မင်းကို ငရဲကိုလာပြန်ခေါ်မယ်။စောင့်နေ။

နောက်တော့ အမှောင်ကမ္ဘာ။ ဘယ်တော့မှ မလင်းတော့သော အမှောင်ကမ္ဘာ။သူထာဝရ ကျရောက်ခဲ့ပြီပဲ။

ဦးခင်မောင်ကြည် ဆိုလျင် သည်မြို့မှ မသိသူမရှိ။ လူသိများသော အလှူအတန်းတွေမှာ သူ့မျက်နှာက မသိသူ မရှိလှ။ အလှူအတန်း ရက်ရောခြင်းထက် အပေးအကမ်း ရက်ရောသူ အဖြစ်နာမည်ကြီးသူ။ သည်တစ်မြို့လုံး တရားသည်ရော မတရားသည်ရော သမ္မာအာဇီဝ ဖြစ်ခြင်း မဖြစ်ခြင်းနှင့် မဆိုင်။ လုပ်လို့ရသော အလုပ်မှန်သမျှ ဦးခင်မောင်ကြည်နှင့် မလွတ်ကင်း။ မြို့က အာဏာပိုင်တွေနှင့်လည်း အတော်များများ ဦးခင်မောင်ကြည်ရဲ့ အဆက်အသွယ်မကင်း။ တိုးတိုးတိတ်တိတ်ပြောကြသည်။ သည်မြို့ကို ခင်မောင်ကြည် အုပ်ချုပ်သည်တဲ့။ ဦးခင်မောင်ကြည်ရဲ့ ဂုဏ်သတင်း နောက်တစ်ခုကတော့ မိန်းမကိစ္စ။ လင်ရှိသော မရှိသော။ ပျိုသော အိုသော ခင်မောင်ကြည်မသိ။ ခင်မောင်ကြည့်မယား ဖြစ်ဖို့က ခင်မောင်ကြည် မျက်စိကျဖို့သာ လိုသည်ဆိုသော ဆိုရိုး။

ဒေါ်မြမြလေး ဆိုသည်က ဦးခင်မောင်ကြည်ရဲ့ အမည်တပ်ဇနီး။ သို့သော် ၁၅ ရက်တန်သည် တစ်လတန်သည်လို့ ကိုယ့်လင်သားကို သူမ မြင်ရသည် မဟုတ်။ ခန့်ညားထည်ဝါသော စံအိမ်တော်မှာ လင်သားအလာကို မျှော်လင့်နေရသူ။ ငွေကြေးအတွက် စိတ်ပူပင်စရာမလို။ အချိန်တန် ငွေကြေးက အလျံပယ်။ သူမအဖို့ လင်သားနှင့်တွေ့ဆုံရန် အခမ်းအနားတစ်ခုခု ရှိပါစေသာ ဆုတောင်းရသည်။ ဒါမှပဲ ပုဝါ နှစ်စ အသာချပြီး ကျွန်မလင် လုပ်ရမည်လေ။

မြသူဇာ ဆိုသည်ကတော့ ဦးခင်မောင်ကြည်နှင့် ဒေါမြမြလေးတို့ရဲ့ တစ်ဦးတည်းသမီးတော်။ ဥစ္စာပေါဆိုတော့ ရုပ်လည်းချောပြီလေ။ တက္ကသိုလ် ဒုတိယနှစ်အရောက် ရည်းစားတစ်ယောက်လဲ ရခဲ့ပြီ။ အချိန်လက်တွဲဖို့ စိတ်ကူးအိပ်မက်ရင်း။

တစ်ည ။

မိုးတွေချိန်းသော တစ်ညမှာတော့ The Emerald Trading Co.Ltd ရဲ့ 24 hours ဝန်ဆောင်မှုပေးသော ဖုန်းကို ရဲတပ်ဖွဲ့က ဖုန်းဆက်ခဲ့သည်။

The Emerald Trading Co.Ltd ရဲ့ MD ဦးခင်မောင်ကြည် Car accident ဖြစ်လို့ပါတဲ့။ မေမေနှင့် မြသူဇာတို့ သည်နေရာရောက်တေည့ မိုးတွေရွာနေဆဲ။ လျပ်တွေ ပျက်နေဆဲ။ ဖေဖေစီးသွားသော CRV ကားသည် စိစိညက်ညင်ကြေမွနေခဲ့ပြီ။ ပျက်စီးနေသော ကားခေါင်းထဲမှ ဖေ့ဖေ့အလောင်းကိုပင် ဆွဲထုတ်နေကြပြီ။

The Emerald Trading Co.Ltd ရဲ့ မန်နေဂျာကြီးရဲ့ နှစ်သိမ့်စကားတွေကို မကြား။ ရဲတွေရဲ့ မေးမြန်းမှုတွေကို မဖြေကြားနိုင်။ သစ်ပင်ရှေ့မှာ ကြေမွနေသော CRV ကားအနီလေးလို ဘဝတွေလဲ ကြေမွကုန်တော့မည်ထင်သည်။

ဝမ်းနည်းကြောင်းစကားများ၊ ဟန်လုပ်အပြုံးများ၊ သတင်းစာ ကော်လံပြည့်ဝမ်းနည်းကြောင်း ကြေညာများ၊ လွမ်းသူပန်းခွေ တချို့၊ တရားဓမ္မ သံဝေဂ စကားများ အဆုံးမှာတော့ ဦးခင်မောင်ကြည် သည် လောကမှ ကွယ်ပျောက်ခဲ့ပြီပဲ။

မေတ္တာဖြင့် မရင်းနှီး မကျွမ်းဝင်ကြသည့်တိုင် ဖေဖေအရိပ် ဘယ်လောက်ကြီးမားခဲ့သည်ကို ဖေဖေဆုံးသွားမှသာ မြတို့ နားလည်ခဲ့သည်ပဲ။

ဖေ့ဖေ့ရက်လည်ဆွမ်းသွတ်အပြီး နောက်တစ်ရက်မှာတော့ The emerald Trading Services Co.Ltd ရဲ့ မန်နေဂျာ အပါအဝင် ရှေ့နေတွေ အိမ်ကို ရောက်လာခဲ့သည်။

နဂိုအနေအေးသော ဖေဖေ့လုပ်ငန်းတွေထဲ တစိုးတစိ ပါဝင်ပတ်သက်ခဲ့ဘူးခြင်း မရှိသော မေမေ။ ဒုတိယနှစ်ကျောင်းသူဘဝရောက်ပေမယ့် ဖေဖေ့လုပ်ငန်းတွေထဲ ပါဝင်ခွင့်မရှိခဲ့သူ မြလေး။ ရှင်းပြသွားသော စကားလုံးတွေရဲ့ အဆုံးသတ်မှာ ဖေဖေရဲ့ ပြန်ဆပ်ရန်ဘဏ်ချေးငွေများ။ ရှယ်ယာပါဝင်မှု လွှဲပြောင်ထားခြင်းများ။ မြလေးတို့နေနေသော လက်ရှိတိုက်ရဲ့ အပေါင်စာချုပ်များ။

စီးပွားရေးဒုတိယနှစ်ကျောင်းသူ မြလေးကတော့ အထိုက်အသင့်နားလည်နိုင်ခဲ့ပြီ။ အခုလောလောဆယ်တော့ အစုရှယ်ယာအများဆုံးပိုင်ဆိုင်နေတဲ့ ဦးအောင်မြင့်က ကုမ္ပဏီ chairman အဖြစ် ဆက်တာဝန်ယူလိမ့်မယ်။ "သမီးတို့ သည်အိမ်ကနေ မထွက်ခွာပါနှင့်ဦး။ မြသူဇာက သူနှင့် လာတွေ့နိုင်မလား လို့ ဦးအောင်မြင့်က ကမ်းလှမ်းပါတယ်" တဲ့။

မြလေးက ဘယ်လို စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု စကားကို ပြောဆိုနိုင်ပါမလဲလေ။

" ကောင်းပြီလေ မြလေး ဆရာဦးအောင်မြင့်နှင့်တွေ့ပါ့မယ်။ "

" Ok ,ဆရာ့ appointment ရရင် မြသူဇာဆီ ဦးတို့အကြောင်းကြားပေးပါမယ်"

ဧည့်သည်တွေပြန်သွားတော့ မေမေနှင့်မြလေးတို့ ရှိသမျှ ငွေကြေး အတွင်းပစ္စည်းလေးတွေ စုစည်းကြည့်တော့ သိန်း ၃၀ ပင်မပြည့်။ ဘဏ်ချေးငွေတွေ ဆပ်ဖို့ထား။ လက်ရှိနေထိုင်သော အိမ်နှင့်ကားကိုပင် ရွေးယူနိုင်သည့် အခြေအနေမရှိ။

သွားလေသူရဲ့တစ်ရွာတကျီဆောက်သည့် ဇာတ်လမ်းများ။ ပေးခဲ့သည့် စပွန်စာ။ ထားခဲ့သော အကြင်နာတွေက အခုတော့ မေမေနှင့် မြလေး ဘဝ ပျက်ပေတော့မည်။

" မေမေ အားတင်းထား မြလေးတို့ ကြိုးစားရုန်းကန်ကြမယ်"

ပြောလို့သာပြောရ မြလေးကိုယ်တိုင် ဘာစလုပ်ရမည် မသိ။ချစ်သူဆီ ဖုန်းခေါ်ကြည့်သောအခါ ဆက်ဆံရေးက ကျဲပါး စိမ်းကားစွာ။သြော် လောကဓံ ရယ်။

မြလေး ကုမ္ပဏီ အဆောက်အအုံဆီရောက်တော့ မနက် ၉ နာရီ။ Reception မှာ သတင်းပို့လိုက်တော့ chairman office ကို လာခဲ့ပါတဲ့။ ဖေဖေ့ရုံးခန်းဟောင်းသည် ဖေဖေ ရှိစဉ်ကနှင့်မတူ အရာရာပြောာင်းလဲ သွားခဲ့ပြီ။ သိသာထင်ရှားမှုကတော့ ရိုးရှင်းမှုကို မြင်ရခြင်းပင်။

မြလေးက လာခေါ်သော အမျိုးသားငယ်တစ်ယောက် လိုက်ပါလာရင်း သိပ်လှသော တောင့်တင်း ကိတ်လှသော ဖေ့ဖေ့ secretary တွေ မရှိတော့သည်ကို သတိထားမိသည်။

ဖေဖေ့ မဟော်ဂနီ စားပွဲကြီးက သည်အတိုင်း။ သို့သော်ထိုင်နေသည့် chairman က ပြောင်းလဲသွားခဲ့ပြီ။

Chairman တစ်ယောက်မပီသစွာ ဈေးခပ်ပေါပေါ အညိုရောင် t-shairt တထည်ကို ဝတ်ဆင်ထားသည်။ ဖေ့ဖေ့ စီးပွားရေး ပါတနာမို့ ဖေ့ဖေ့ အသက်လောက်ရှိမည် ထင်ပေမယ့် သူများစွာ ငယ်သေးသည်ပဲ။ မသပ်ရပ်သည် မဟုတ်သော်လည်း မသားနားသော ရိုးရှင်းသော ဂတ်စားဆင်ယင်ပုံကြောင့် မြလေး အံသြမိသည်။

" ရ ပြီ သား။ တာဝန် ကျေ ပြီ" ဆိုတော့ မြလေးကို လိုက်ပို့သည့် လူငယ် ပြန်ထွက်သွားသည်။

အခုအထိ မြလေးကို ထိုင်ခွင့်မပေးသေး။ မြလေး စိတ်ထဲ မွန်းကြပ်သလို ခံစားမိသည်။

" မြသူဇာ ဟုတ်လား။ အစ်ကိုကြီး ခင်မောင်ကြည်နှင့် မမမြမြလေးတို့ရဲ့ တစ်ဦးတည်းသော သမီး ဟုတ်လား"

သြဇာသံပါသော သာယာသော အသံလှိုင်းက လူနှင့်မဆိုင်သလို။

" ကိုယ်က အောင်မြင် ပါ။ ကိုကြီးခင်မောင်ကြည်နှင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတည်းက လက်တွဲခဲ့တာ။ ကိုကြီးအတွက် စိတ်မကောင်းဘူး မြသူဇာ"

သည်တခွန်းသည် လောကဝတ် စကားဖြစ်ပါလျက် အန္တရာယ်တစ်ခု ကျရောက်ခါနီး အငွေ့အသက်တစ်ခုနှင့်တူသည်။ သူပြောသွားသော စကားမှာ မြလေး အမှားရှာမရ။ မှားနေသည်ဆိုရင် ရုတ်တရက် အေးခဲသွားသော သူ့မျက်လုံးများ ဖြစ်လိမ့်မည်။

" ဟုတ်ပြီ ထားတော့။ မြသူဇာ ကို အခု ခေါ်တွေ့တာတော့ မြသူဇာတို့ မိသားစုရဲ့ စီးပွားရေး အခြေအနေအကြောင်းပဲ။

" မြသူဇာရဲ့အမေက ကိုယ်နှင့်ဒါတွေ ဆွေးနွေးရလောက်အောင် ချင့်ချိန်နိုင်သူ မဟုတ်လို့ မြသူဇာကို ခေါ်တွေ့ရတာပဲ။ ဘဏ်ချေးငွေအားလုံးနှင့် တိုက်နှင့်ကား အပေါင်စာချုပ်ကို တို့ပဲ ဖြေရှင်းပြီးခဲ့ပြီ။ "

" သိချင်တာတစ်ခုပဲမေးချင်တယ်။ မြသူဇာတို့ သည်တိုက်ပေါ်ကနေ ဆင်းသွားဖို့ နှင့် The Emerald Trading Co.Ltd ကို အပြီးတိုင်လက်လွှတ်ဖို့ စိတ်ကူးထားသလား ဆိုတာကိုပဲ။"

သူ စကားရှည်ကြီးပြောပြီး မောသွားသလို ရေခွက်ကို မော့သောက်သည်။ ယခုအချိန်အထိ မြသူဇာ ထိုင်ခွင့်မရသေး။

" အခုအထိက မြလေး အိပ်မက်မက်နေသလို"

" အိပ်မက်က မိုးလင်းရင် ဆက်မက်မရဘူး မြသူဇာ"

ဖြတ်အော်လိုက်သော သူ့အသံမှာ မြသူဇာ တစ်ကိုယ်လုံး ကျုံဝင်သွားသလို ။

" မင်းမှာ လမ်း နှစ်ခုရှိတယ်။ တစ်ခုက The Emerald Trading Co.Ltd မှာ အလုပ်ဝင်ပါ ။ ကိုယ့် စကားကို မြေဝယ်မကျ နားထောင်ပါ။ မင်းသာ ပေးဆပ်မှု မှန်ကန်ခဲ့ပြီး qualified ဖြစ်မယ်ဆိုရင် နောင် ၁၀ နှစ် အလွန်ဆုံးပဲ။ ဒေါ်မြသူဇာဟာ The Emerald Trading Co.Ltd ရဲ့ MD ဖြစ်လာမယ်။ "

" option 2 ကတော့ မင်း အခု အိမ်ပြန်သွားပါ။ အထုပ်အပိုးတွေ သိမ်းဆည်း အိမ်ပေါ်က အခုဆင်းပါ မြသူဇာ"

" ဒါပါပဲ။ ဆုံးဖြတ်ချက်က အခု ချပေးရမယ်။ "

သည်နေ့ မြလေး ကုမ္ပဏီမှာ အလုပ်စတင်ဆင်းရမည့်နေ့။ ကုမ္ပဏီ ဥက္ကဌရဲ့သမီးက သာမန်ဝန်ထမ်းလို အလုပ်ဆင်းရမှာကိုတော့ မြလေး သိမ်ငယ်စိတ်ဝင်မိသည်။ သို့သော် လောလောဆယ် အခြေမပျက် နေနိုင်သည်ကပဲ ကောင်းမွန်လှပြီ။ မြလေးမှာ ရွေးစရာ လမ်း သိပ်မရှိပါ။

ဝန်ထမ်းရေးရာမှာ ရောက်ရှိကြောင်း သတင်းပို့တော့။

" သြော် မမြသူဇာ ရောက်ပြီပဲ မမြသူဇာက The Emerald Hospital ရဲ့ သန့်ရှင်းရေးဌာနမှာ အလုပ်ဆင်းရမယ်။ "

မြလေး မယုံနိုင်စွာ။ ကုမ္ပဏီ ဥက္ကဌဟောင်းရဲ့သမီး ဒုတိယနှစ်တက္ကသိုလ်ကျောင်းသူအတွက် သန့်ရှင်းရေးဌာနတဲ့လား။

" မြလေးက ဘာရာထူးလဲ"

" အထွေထွေသန့်ရှင်းရေးပါ"

မခံချိမခံသာ။မြသူဇာ မျက်စိထဲ ဘာမှ မမြင်တော့။ ရှက်ရွံသိမ်ငယ်မှုသည် မီးတောက်တစ်ခုလို တစ်ကိုယ်လုံး လောင်ကျွမ်းနေလေပြီ။Chairman office ရဲ့ စားပွဲရှေ့ကို ဘယ်ကဘယ်လို ရောက်လာသလဲမြလေး မသိ။

ဘာကြောင့်လဲ ဆိုသော မေးခွန်းကို အသံကျယ်ဖြင့် အော်မေးမိနေပြီ။သူက မြလေး အော်ဟစ်နေတာကို ဆုံးအောင်နားထောင်သည်။

" မြသူဇာ ထပ်အော်မယ်ဆို လုံခြုံရေး ခေါ်ပြီး ရဲစခန်းပို့ရလိမ့်မယ်။ တာဝန်ဝတ္တရား နှောင့်ယှက်မှု နှင့်ပေါ့"

" မင်းက ဘာများအရည်အချင်း ရှိလဲ မြသူဇာ မင်းနှင့် မထိုက်တန်ဘူးဆို မင်းထွက်သွားလိုက်။ သည်မှာ မင်းကို ဆွဲမထားဘူး။ ငါတို့ သဘောတူညီချက်ရဲ့ ဒုတိယအချက်မှာ ငါ့စကားကို နားထောင်ရမယ်။ နားထောင်ရလိမ့်မယ် မြသူဇာ။ "

" အခု ဒူးထောက်လိုက်စမ်း"

ဘုရားရေ သူဟာ ဘယ်လို အရှိန်အဝါတွေနှင့်လဲ။မဟော်ဂနီ စားပွဲကို ပတ်လျှောက်လာတော့ သူ့ ဘက်ဖက်ခြေက မသန်စွမ်းဖြစ်နေသည်ပဲ။ တုတ်ကောက်ကို အားပြုရင်း မြလေး အနား ရောက်အလာမှာ မြလေး အလွန်ကြောက်လန့်နေမိပြီ။

ကောဇောထူ ခင်းထားသော ကြမ်းပြင်က မနာကျင်စေပါ။ သို့သော် ရုံးခန်းထဲမှာ ဒူးထောက်နေရသော မြလေး နှလုံးသားက တစစ်စစ် နာကျင်လှပြီ။

" မှတ်ထားပါ မြသူဇာသန့်ရှင်းရေး ဝန်ထမ်းလုပ်ပါ။ရို့ရို့ကျိုးကျိုး တာဝန်ထမ်းဆောင်။ ကုမ္ပဏီ ဥက္ကဌဟောင်း သမီးဆိုတာ မေ့လိုက်။ "

" သွားတော့ အချိန်မဖြုန်းနှင့်"

မြလေး ဒူးထောက်နေရင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတော့ အောင်မြင့်အသံက ဟိန်းထွင်လာခဲ့ပြီ။ အသံနှင့်အတူ မြလေး မျက်နှာလည်ထွက်သွားသော နာကျင်မှုနှင့်အတူ ။

" မှတ်ထား မင်း မခွင့်မရရင် မငိုရဘူး မြသူဇာဟာ အောင်မြင်ရဲ့ အရုပ်တစ်ရုပ် ဖြစ်နေရမယ်။ငါ ခွင့်မပြုရင် မြသူဇာဆိုတာ အသက်တောင် မရှုရဘူး။"

မြသူဇာ ဒူးထောက်နေရာက မတ်တပ်ထရပ်လိုက်တော့

" နောက် rules တစ်ခု ထပ်ထုတ်မယ်။ မြသူဇာ chairman office ထဲမှာ ဘယ်တော့မှ မတ်တပ်ရပ်ခွင့် မရှိဘူးဆိုတာပဲ။ "

Chairman office ကို ကျောခိုင်းမိချိန်မှာ မြသူဇာရဲ့ ဘဝတစ်ခုလုံးကြေမွနေသလို။သန့်ရှင်းရေးဝန်ထမ်းဝတ်စုံခရမ်းရောင် T shirt ပွပွဘောင်းဘီရှည် ပွပွသည်မြသူဇာနှင့် ဘယ်လိုမှ လိုက်ဖက်ခြင်းမရှိ။

ကြမ်းတိုက်တုတ် တစ်ချောင်းဖြင့် နေရာအနှံ့ သန့်ရှင်းရေးလုပ်ရင်းကြမ်းတိုက်ဆေးရည်တွေထဲမှာ မြသူဇာ မျက်ရည်တွေရောထွေးနေခဲ့ပြီလေ။

မြထရေးဒင်း ကုမ္ပဏီ ဥက္ကဌဟောင်းရဲ့ သမီးလေးသည် ကုမ္ပဏီပိုင် private hospital ကြီးမှာ သန့်ရှင်းရေးဝန်ထမ်းလုပ်ရင်း ဘဝက နေသားကျလာခဲ့ပြီပဲလေ။

တက္ကသိုလ် ကျောင်းသူတစ်ယောက်လို အလှအပ ဆင်ယင်နိုင်ခြင်းမရှိ။ မနက်မိုးလင်းသည်နှင့် IELTS သင်တန်းတစ်ခုကို မြလေး ပြေးရသည်။ သည်သင်တန်းက သူ့အမိန့်ဖြင့်တက်ရခြင်း။ ၃ လ အတွင်း score 7 မှ မရလျှင် အပြစ်ပေးခံရမည် ဆိုသော အမိန့်အောက်မှာ သင်တန်းကို တစ်ရက်မှ မပျက်ကွက်နိုင်ခဲ့။ အစောကြီး ဖွင့်သောသင်တန်းအပြီးမှာ ဆေးရုံ duty ကို အပြေးသွားရသည်။ မြလေး မဝတ်ချင်သော ဖျင်ကြမ်း ခရမ်းရောင် အလုပ်သမားဝတ်စုံက မြလေး ကိုယ်ပေါ်မှာ နေသားကျခဲ့ပြီ။

သန့်ရှင်းရေး ရုံးခန်းမှာ လက်မှတ်ထိုးပြီးတာနှင့် ကပ်လျက် head office ရဲ့ chairman office ကို သွားရစမြဲ။ chairman office မှာ မြလေး မတ်တပ်ရပ်ခွင့်မရှိပါ။ တခန်းလုံး ဒူးထောက်သွားလာရင်း သန့်ရှင်းရေး လုပ်ရတာ ပထမပိုင်း ခက်ခဲပေမယ့် အသားကျခဲ့ပြီပဲ။ သည်ရုံးခန်းရဲ့ ဘိုထိုင် toilet သည် မြလေးကိုယ်တိုင် လက်နှင့် သန့်ရှင်းရေး သေချာလုပ်ရသည်။

သည်မနက် သူရောက်လာတော့ မြလေး အိမ်သာတွေကို လက်နှင့်သေချာ ဆေးကြောနေဆဲ။သန့်ရှင်းရေးလုပ်ပြီး မြလေးထွက်လာတော့ သူအသာ လက်ယပ်ခေါ်သည်။ထုံးစံအတိုင်း ဒူးထောက်လျက် သူ့စားပွဲအနီးရောက်သွားတော့ မြလေး မော်မကြည့်ဝံပါ။

သူ့ ဘယ်ဖက်ခြေထောက်က တိုနေသည်မို့ သူဘယ်ဘက်ဖိနပ်က ခုံထူ ဖြစ်နေသည်လေ။ အညိုရောင် T shirt နှင့် အညိုရောင် ဘောင်းဘီကိုသာ သူ အမြဲဝတ်ဆင်တတ်သည်မို့ အညိုရောင် ဘောင်းဘီအဖျားကို မြလေး မြင်နေရသည်။

သူက မြလေးကို ကျော်ပြီး toilet ထဲ ဝင်သွားတော့ တစ်စုံတစ်ခုကို မြလေး သတိရသွားသည်။ စိတ်လောပြီး သန့်ရှင်းရေးလုပ်သည့် brush ကို ပြန်မထုတ်လာမိ။

" မြသူဇာတော်လှပြီ မှတ်တာ။ရှပ်ပလာ ပဲ။ကိုယ်အပြစ်ပေးကြမ်းတာ နင်သိရက်နှင့်"

ရုတ်တရက် သွေးတို့ လှည်ပတ်မှု မြန်လာသလို။ ခါးပတ်ဆွဲချွတ်လိုက်သံက ကြားနေကျ အသံပေမယ့် မြသူဇာအတွက် အကြိမ်တိုင်း တုန်လှုပ်မိစမြဲ။ ကျောမှာ ခံစားမိသည့် အရှည်လိုက်နာကျင်မှုတစ်ခုမှာ မငိုမိအောင် ထိန်းသိမ်းရင်း။

..........................................................................................................

နေ့ရက်ပေါင်းများစွာကို သည်ပုံစံအတိုင်း ဖြတ်ကျော်ရင်း စီးပွားရေးပညာ တတိယနှစ်ကို အဝေးသင်ဖြေဆိုရမည့် အချိန်ရောက်လာခဲ့သည်။ ဝန်ထမ်းအတော်များများ ခွင့်ယူကြသည်မို့ လုပ်ငန်းမထိခိုက်အောင်စီစဉ်ကြနှင့်။ မြသူဇာတို့ သန့်ရှင်းဌာနမှာတော့ ပညာတတ် ဆယ်တန်းအောင်သူ မရှိသည်မို့ ခွင့်ယူမည့်သူက မြသူဇာတစ်ယောက်သာရှိသည်။ ခွင့်မရစရာ မရှိ။

" ဒေါ်မြသူဇာက ခွင့်ယူခွင့်မရှိပါဘူးဥက္ကဌဆီက တိုက်ရိုက်လာတဲ့ အမိန့်မို့ HR manager လည်း ဘာမှ လုပ်ပေးလို့မရဘူး ညီမရယ်"

စိတ်မကောင်းစွာပြောလိုက်သော HR manager ကို မြလေး ခွန်းတုံမပြန်မိတော့။ ဌာနရောက်တော့ မြလေး ရှိုက်ကြီးတငင် ငိုမိသည်။

" မြလေး အနီးကပ်တက်မဲ့ရက်တွေနှင့် ဖြေမယ့်ရက်ကို ည duty ပေးပါနော်။ "

သန့်ရှင်းရေး အလုပ်ကြပ်က စိတ်မကောင်းစွာ ကြည့်ပြီး

" အေးပါ သူဇာရယ် နားရက်က တစ်လမှ ၄ ရက်ဆိုတော့ သူဇာကျောင်းတက်မယ့် ရက်တွေကို night duty အဆင်ပြေအောင် ချထားပေးပါ့မယ်လေ။ သမီးဖြေချင်တဲ့ စာမေးပွဲ ဖြေပါ။ "

ည ဖက် ဆေးရုံ night duty သန့်ရှင်းရေးလုပ်သားဘဝမှာ လူနာလှည်းတွန်းရ လူနာတွေ မ ရ၊ ချရ ။ ရှစ်ထပ်ရှိသော ဆေးရုံမှာ လူနာမပါလျှင် အလုပ်သမားသည် ဓာတ်လှေကား သုံးခွင့်မရှိ။ အထွေထွေ ဗာဟီရ အလုပ်များ သန့်ရှင်းရေးအလုပ်များဖြင့် မနားရ။ နေ့ခင်းကျတော့ ဒဂုံတက္ကသိုလ် တမျှော်တခေါ်ကို နေပူကြဲမှာ အနီးကပ်ပြေးတက်ရ။ စာလည်း သေချာမကျက်နိုင်။ တစ်ရက်ထက်တစ်ရက် ပင်ပန်းမှုက တရိပ်ရိပ်တက်လာခဲ့သည်။

အရာရာ ရှုံနိမ့်ဒူးထောက်နေရသူ အပြစ်သားက အောင်မြင်မှုတစ်ခုကိုတော့ ယူပြချင်မိခဲ့သည်။

စာမေးပွဲဖြေဆိုပြီးတော့ မြလေး ပန်းဖျားဖျားနေပြီ။ မြလေး ခွင့်ယူလို့မရ။ နားရက်တွေကလည်း စာမေးပွဲရက်တွေအတွက် ယူသုံးရင်း ကုန်ခဲ့ပြီ။ တငွေ့ငွေ့တက်နေသော အပူရှိန်။ တဆစ်ဆစ် ကိုက်နေသော ခေါင်း။ ကြမ်းတိုက်တံကို ကိုင်တွယ် လှုပ်ရှားနေသော မြလေး လက်တို့ ခွန်အားမရှိတော့။

" မြသူဇာ ဖယ်ပေးလိုက်ဦး ဥက္ကဌ လာနေတာလေ" ဆိုတော့

မြလေး နောက်ကျသွားခဲ့ပြီ။မြလေး ကိုင်တွယ်ထားသော ကြမ်းတိုက်တံက သူ့လက်စွဲတော် လက်ကိုင်တုတ်ကို ထိမိပြီး နဂို ခြေတဖက် မသန်သူက လဲကျမလို။မြလေး ရင်တို့ ခုန်နေမိသည်မှာ တဆတ်ဆတ်။ လဲကျမသွားအောင် ထိန်းရင်း နောက်ဆုတ်ပေးလိုက်သည်။

" မြသူဇာ ညနေ အလုပ်ဆင်းရင် ငါ့ရုံးခန်းလာခဲ့"

မိုးကြိုးလို ထစ်ချုန်းပြင်းထန်သော အမိန့်။ မြလေး နာခံပါသည်လေ။

Chairman office အဝင်မှာ ထောက်နေကျ ဒူးတို့က မခိုင်ချင်။ အားအင်မရှိစွာ မြလေး ပြိုလဲကျလုမတတ်။ သူ့ရှေ့ ဒူးထောက်နေမိတော့။ သူ ရုတ်တရက် မြလေးမေးစေ့လေးကို ဆွဲမော့သည်။ မြလေးဆံပင်တွေထဲ လက်ထိုးသွင်းပြီး ဆုပ်ဆွဲလိုက်တော့ ဦးရေပြားတစ်ခုလုံး ကွာကျလာမလို။

မြလေး မငြီးငြူ မိတော့။ အင်အားလည်းမရှိ။ အသံမထွက်နိုင်တော့။ နဂို ကိုက်ခဲနေသော ခေါင်းတစ်ခုလုံး ဦးရေပြားဆီက နာကျင်မှုတွေ ပေါင်းစုံလာတော့ မြလေး သတိလစ်မလို ဖြစ်သွားသည်။ ဒူးထောက်နေသော မြလေး ခန္ဓာကိုယ်က ယိမ်းယိုင်ကျသွားတာ။

မြလေး နောက်ဆုံး မြင်လိုက်ရသည်က အမြဲရက်စက်တတ်သူရဲ့ နူးညံ့စွာစိုးရိမ်ပူပန်သောမျက်ဝန်းများ။

..............................................................................................

မြလေးသတိရလာတော့ မြလေးတို့ဆေးရုံရဲ့ အကောင်းဆုံးအခန်းတစ်ခုထဲမှာ ရောက်နေသည်။ ဘယ်ဘက်လက်က ဆေးထိုးပိုက်တန်းလန်း။ မြလေး ရုတ်တရက် သတိရမိသည်က သည်အခန်းခသည် မြလေး တစ်လခစာထက် ဈေးကြီးသည်။

" မြသူဇာ သတိရပြီလား။ မစိုးရိမ်ရပါဘူး။ အအိပ်အစားမမှန်တာနှင့်ပင်ပန်းတာ ရောသွားလို့ပါ။ အားဆေးချိတ်ထားပေးတယ်။ အနားယူလိုက်နော် " သူနာပြု ပြောစကားကို မြလေးခေါင်းညိတ်ပြသည်။

" မြလေး တခြားအခန်းရွေ့ချင်တယ်။ "

" ဘာလို့ရွေ့မှာလဲ။ သည်အခန်း ကုန်ကျစရိတ်အားလုံး ငါ့ဘီလ်ထဲထည့်လိုက်"

အို မြလေး မြင်ချင်တယ်။ သတိလစ်မသွားခင်က မြလေးမြင်ခဲ့ရတဲ့ ကြင်နာသော စိုးရိမ်သော မျက်ဝန်းလွှာ။

သူနာပြု ဆရာမ ထွက်သွားတော့။ မြလေး ခုတင်နား သူရောက်လာသည်။ လွတ်နေသော ညာဖက်လက်ကို ဆွဲယူရင်း စတီးခုတင် ခေါင်းရင်းသံတိုင်များဆီ လက်ကို ဆွဲကပ်လိုက်သည်။

" ကြိုးတော့ မချည်ထားခဲ့တော့ဘူး။ လက်ကို စတီးတိုင်မှာကပ်ထား မြသူဇာ။ ငါ ပြန်မလာမချင်း။ နင် ငါအပြစ်ပေးတာ ဆုံးအောင် မခံယူရသေးဘူးလေ။ ကြားလား။ "

မြလေး ပင်ပန်းနေပါတယ်။ ဒါပေမယ့် ခုတင်က စတီးတိုင်လေးမှာ မြလေးလက်တွေကို ကြိုးနှင့်မချည်ထားပေမယ့် ချည်ထားသလို မခွာဝံပါဘူးလေ။

တံခါးပိတ်သွားသံနှင့် အခန်းက ပြန်လည်တိတ်ဆိတ်သွားလည်း သည်ညာဖက်လက်ကို စတီးတိုင်က မခွာမိပါဘူးလေ။ သက်တောင့်သက်သာ မရှိပေမယ့် မြလေး ကျေနပ်ပါတယ်လေ။

ထမင်းစားချိန်ရောက်တော့ သူ ပြန်ရောက်လာသည်။ chairman တစ်ယောက် ဝင်လိုက်ထွက်လိုက် လုပ်နေသော သန့်ရှင်းရေးဝန်ထမ်းရဲ့ လူနာခန်းကို သူနာပြုတွေက အတင်းစကား ဆိုချင်ပေမယ့် chairman ကို ကြောက်လို့ လှုပ်ဝံ့ဟန်မတူ။

သူနာပြု တစ်ယောက်ကို ဆန်ပြုတ် ခွံကျွေးခိုင်းပြီး ဘေးက စောင့်ကြည့်နေတော့ သူနာပြုရော မြလေးပါ စိတ်ကျဉ်းကြပ်။ ဆန်ပြုတ်သောက်ပြီးတော့ မြလေး toilet ဝင်ချင်လို့ဆိုတော့ သူနာပြု က ဆေးပိုက်ကလေးကို ခဏ ပိတ်ပေးသည်။ မြလေး သူ့ကို မော့ကြည့်တော့ အေးစက်သော အကြည့်ဖြင့် ခေါင်းညိတ်ပြသည်။ မြလေးဟာ ဘယ်တုန်းကများ သူ့ရဲ့ လွှမ်းမိုးမှုအောက် ကျရောက်နေပါလိမ့်လေ။ သည်တော့မှာပဲ မြလေး ညာဖက်လက်ကို စတီးတိုင်တွေမှ ခွာရဲသည်။

မြလေး ဆေးရုံက ဆင်းရသောနေ့မှာ ရာထူးတိုးအမိန့်တစ်ခု မြလေး ရရှိခဲ့သည်။ သန့်ရှင်းရေး ဌာနရဲ့ ကြီးကြပ်သူ ဝန်ထမ်းအဖြစ်။ အောင်စာရင်းထွက်တော့ မြလေးသည် တတိယနှစ် စီးပွားရေး အဝေးသင်ကို အောင်မြင်ခဲ့ပြီ။

၆ လ လောက် ဒုက္ခ၊ သုက္ခတွေရင်ဆိုင်ခဲ့ရသော မြသူဇာသည် အောင်မြင်မှုလေး အနည်းငယ်ရလာတော့ ချစ်သူကို သတိရမိသည်။ တကယ်တော့ ချစ်သူသည် ကုမ္ပဏီ ဥက္ကဌ သမီးမဟုတ်တော့သော သန့်ရှင်းရေးဝန်ထမ်းလေး မြသူဇာကို အဖက်မလုပ်တော့တာ တော်တော်ကြာခဲ့ပြီ။ သည်တစ်ပတ်နားရက်လေးမှာတော့ ချစ်သူကို ရုပ်ရှင်လိုက်ပြခိုင်းဖို့ ချိန်းထားသည်လေ။ ရုပ်ရှင်ရုံရှေ့က သစ်ပင်ရိပ်ကလေးမှာ မြသူဇာ ချစ်သူကို စောင့်ရင်း လည်ပင်းတောင်ရှည်လာပြီ။ ရုပ်ရှင်ချိန်တောင် ကျော်လာပြီပဲ။ နာရီကိုကြည့်ရင်း ပြောင်းလဲမှု တစ်ခုကို မြလေး ခံစားမိပါရဲ့လေ။

.........................................................................................................

" မင်းရဲ့ချစ်သူကို အဆက်ဖြတ်လိုက်တော့ မြသူဇာ။ ငါ မျက်စိနောက်တယ်။"

" ဘုရားရေ ဘယ်လိုပင် လွှမ်းမိုးချုပ်ကိုင်နိုင်စေ မြသူဇာရဲ့ အချစ်ရေးကို ဝင်ရောက်စွက်ဖက်ခွင့်မရှိ"

" မြလေး ချစ်သူကို မဖြတ်နိုင်ဘူး။"

" တယ် သတ္တိကောင်းနေပါလား"

ဒူးထောက်နေတဲ့မြလေးအနား သူရောက်လာခဲ့သည်။ သူ့လက်တွေကို မြလေးကြောက်သည်။ မြလေး ဆံပင်ထဲ ထိုးခွဲလိုက်သော သူ့လက်တွေကို မြလေး ကြောက်သည်။ ဆံပင်တွေကနေ ရစ်ပတ်ဆွဲဆောင့်လိုက်တော့ ဦးရေပြားဆီက နာကျင်မှုက တစိမ့်စိမ့်။

" မတ်တပ်ရပ်စမ်း"

ဝရံတာဘက် ဆွဲခေါ်လာတော့ မြလေး တုံဆိုင်းမနေရဲ။

Chairman office ဝရံတာသည် သီးသန့်တည်ရှိသည်။ ဘေးအခန်းက မမြင်ရ။ ၈ ထပ် အမြင့်ကမို့ သည်ဝရံတာကို အောက်ကနေ လှမ်းကြည့်ဖို့က ခဲယဉ်းသည်။

ပန်းအိုးချည်ထားသော သံကြိုးကို ဖြုတ်ချလိုက်ပြီး မြလေးလက်တွေကို ချည်လိုက်သည်။ သည်တစ်ခါတော့ မြလေး ကြောက်မနေချင်။ မြလေး ချစ်သူကို မြလေး ချစ်သည်လေ။ သူပေးချင်တဲ့ အပြစ်ဒဏ်ကို ပေးပါစေတော့။ မြလေးတို့ သားအမိ သည်အိမ်ပေါ်က ဆင်းဆိုလည်း ထွက်သွားပါရစေတော့။ မြထရေးဒင်း ကနေလည်း မြသူဇာ ထွက်သွားပါရစေတော့လေ။

ဝရံတာမှာ ပန်းအိုးချည်တဲ့ သံကြိုးလေးနှင့် တုပ်နှောင်ထားခံရတဲ့ မြသူဇာကို အဝေးမှ လှမ်းကြည့်လျှင် လူတစ်ယောက် မတ်တပ်ရပ်နေသည်သာ မြင်ရမည်။ မြသူဇာကတော့ လူတွေကို လှမ်းမြင်နေရသည်မို့ မလုံမလဲ။ ဝရံတာကို ဆက်ထားသော တံခါးသည် တချက်လေးမှ ပွင့်လာခြင်း မရှိ။ အဲယားကွန်း outdoor လေပူတွေက တိုက်ရိုက်မဟုတ်ပေသည့် မြသူဇာ ဆီ ရောက်လာတတ်သည်။

ရုတ်တရက် အဲကွန်းလေပူတွေက ရုတ်တရက် ရပ်သွားသည်။ အဲကွန်းပိတ်လိုက်ပြီပဲ။ ရုံးဆင်းချိန်ရောက်ပြီ။ မြလေး လွတ်လပ်ခွင့်ရတော့မည်လေ။ တံခါးကတော့ ပွင့်လာခြင်း မရှိ။ နေညိုသည်မှာ တဖြည်းဖြည်း ညရောက်လာပြီ။ အဲကွန်းတောင် ပိတ်လိုက်ပြီမို့ သူ အခန်းထဲမှာ ရှိမနေတာ သေချာပြီလေ။ မြလေး ငိုချင်လာသည်။ မှောင်ရီပျိုးစ ပြု လာတော့ ခြင်တွေထွက်လာသည်။ ချည်နှောင်ထားခံရဆဲ လက်တွေ။ ညအမှောင်ပိန်းပိန်း။ ဝရံတာ ပြင်ပမှ အလင်းသဲ့သဲ့။ ဘဝမှာ သည်လောက်ပဲ ကံဆိုးသလားလေ။

မြလေး လက်လျော့လိုက်တော့မည်။ ဟုတ်သည် မြလေး  မြထရေးဒင်းကနေ အပြီးအပိုင်ထွက်ခွာသွားတော့မည်လေ။ သည်ဘဝမှာ မြလေး မရှင်သန်လိုတော့ပါ။ မြလေး ချစ်သူရဲ့ လက်ကိုလည်း မြလေး လွှတ်မချလိုပါ။

အချိန်ဘယ်လောက်ရှိပြီလဲ မြလေး မသိ။ ခြေထောက်တွေကညောင်းကိုက်လာပြီ။ ရေဆာသလို အပေါ့သွားချင်စိတ်ကို ထိန်းမရ။ လက်တွေက ညောင်းကိုက်လှပြီ။ ခြင်တွေကို သွေးလှူပေးနေဆဲ။ မြလေးအတွက် သည် ဝဋ်ဒုက္ခသည် မကြီးမားလှသေး။ မြလေး ချစ်သူနှင့်ကင်းကွာသော ဆင်းရဲကို မခံစားလို။

ရုတ်တရက် တံခါးပွင့်သွားသည်။

သံကြိုးတွေကို ဖြည်ပေးပြီး ဆံပင်က ဆွဲခေါ်လာတော့ နာကျင်မှုကို မတုန်လှုပ်တော့။ ကြမ်းပြင်ပေါ် အညှာတာမဲ့ တွန်းချလိုက်တော့ ညောင်းညာနေသော ခြေထောက်တွေကြောင့် ဒူးထောက်လဲကျသွားသည်။ မြလေးရှေ့သို့လွင့်ကျလာသော မင်္ဂလာဆောင်ဖိတ်စာလေးတစ်စောင်။ သတို့သားနေရာက အမည်က မြလေး ရင်းနှီးဆုံးသူရဲ့ အမည်ပေပဲ။

.......................................................................................................

မြသူဇာရဲ့ချစ်လှစွာသောမောင်။ ရုပ်ရှင်အတူတူသွားကြည့်ကြမယ် ချိုမြိန်သောကတိတွေအောက်မှာ လူမရောက်လာခဲ့သူ။ အခုတော့မင်္ဂလာဆောင်ဖိတ်စာပေါ်မှာ တင့်တင့်တယ်တယ် သတို့သမီးနှင့်အတူယှဉ်တွဲ။

" နင့်ရည်းစားကို ဖြတ်လိုက်တော့မြသူဇာ။ စနိုက်သွားမကြော်ထိုက်ဘူးလေ။"

အို သည်ရုံးခန်းထဲမှာ မျက်ရည်မကျရတဲ့ rules ကို မြသူဇာမေ့သွားခဲ့ပြီ။

" ထစမ်း မြသူဇာ ရင်တွေကွဲကြေနေတဲ့အချိန်က အပြစ်ပေးဆပ်ဖို့ ပိုကောင်းတယ် သိလား။ မင်းအဝတ်အစားတွေချွတ်လိုက်။ အကုန်နော်။"

ဆုံးရှုံးမှု တစ်ခု။ နာကျင်စွာကြေကွဲ။ အမြဲနာခံနေကျနေရာတစ်ခု။ညမှောင်ရီမှာ မြသူဇာရဲ့စိတ်တွေလည်း ထိန်းချုပ်မရတော့ဘူး ထင်ပါရဲ့။

ရုံးခန်းမီးတွေကတဝက်တပျက်။ သိပ်တော့လင်းလင်းချင်းချင်းမဟုတ်။ မြသူဇာ မှာထုံပေပေခံစားမှုနှင့် ရှက်ရွံမှုတွေတောင် ဘယ်ပျောက်နေမှန်းမသိ။ စားပွဲပေါ်မှာမှောက်ခိုင်းလိုက်တာတောင် မြသူဇာ ခံစားမှုမဲ့။

ကျောပေါ် အရှိန်နှင့် ကျလာသော ခါးပတ်တစ်ခု။ နာကျင်လှသော ခံစားမှု။ ထပ်ဆင့်ရိုက်ချက်များ။ ရိုက်ပါစေတော့။ ကွဲကြေနေသော နှလုံးသားကို အစိတ်စိတ်အမွှာမွှာ ချေမွပစ်လိုက်စမ်းပါ။

အကြိမ်ရေ ဘယ်လောက်မှန်းမသိ။

တင်ပါးနှင့်ကျောဆီက နာကျင်မှုတွေကို မြလေး လိုက်မရေတွက်နိုင်။ သူ ရိုက်တာရပ်ပြီး မြလေးဆံပင်တွေကို ဆောင့်ဆွဲလိုက်တော့ မြလေးကို အသေသတ်ရန် မြလေး မျှော်လင့်မိသည်။

အနမ်းတစ်ခု။ မြလေးနှုတ်ခမ်းပေါ်က အနမ်းတစ်ခု။ မယုံနိုင်စွာ မျက်လုံးတွေကို အားယူဖွင့်ကြည့်မိတော့။ နာကျင်နေသော မျက်ဝန်းများ။ ထိခိုက်ကြေကွဲမှုက မြလေး နည်းတူ။

တစ်စုံတစ်ရာ ပြောမိတော့မလို။ ဖွင့်ဟလာသော မြလေး နှုတ်ခမ်းတွေက သူ့ရဲ့နွေးထွေးသော နှုတ်ခမ်းတွေအောက်မှ ပျော်ဝင်ပျောက်ကွယ်သွားခဲ့ပြီ။

အရိပ်မဲ့ကောင်းကင်။ ပြိုကျခဲ့သော ကမ္ဘာ။ အခုတော့ မြလေးက နွေးထွေးသော ရင်ခွင်တစ်ခုမှာ။ ရက်စက်စမ်းပါ့ သူရယ်။ မြလေး နာခံရင်း ကျေနပ်နှစ်သိမ့်ပါရစေလေ။

.........................................................................

ချစ်သူကို ဆုံးရှုံးရလိုက်သော တစ်စစီကြေကွဲမှု။ အစားထိုးရောက်ရှိလာမှုသည် သခင်လို လွှမ်းမိုးချုပ်ကိုင်စေဦး မြသူဇာ တဖြည်းဖြည်းကျေနပ်နှစ်သိမ့်နိုင်ခဲ့ပြီ။

သန့်ရှင်းရေးကြီးကြပ်ဝန်ထမ်းလေးသည် အဝေးသင်ဘွဲ့တစ်ခုကိုလည်း ရရှိခဲ့ပြီ။ duty ချိန်တဝက်လောက်ကို chairman office တွင် secretary သဘော တာဝန်ယူခဲ့ရပြီ။

မျက်နှာသာ မပေးသော boss အနားက သန့်ရှင်းရေးဝတ်စုံဖြင့် ဒူးထောက်တာဝန်ထမ်းဆောင်နေရဆဲ ပေမယ့် သည်နှစ်ပိုင်းအတွင်း မြသူဇာ အများကြီး တည်ငြိမ်ရင့်ကျက်လာခဲ့သည်။ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုကိစ္စ အဝဝကို အနီးကပ် သင်ယူလေ့လာခွင့်ရခဲ့သည်။ ၃ လ အတွင်း score 7 ရအောင် လုပ်ရမည်ဆိုသော IELTS exam ကို (၂)နှစ်ကျော်ကြာအောင် ဖြေဆိုရင်း ယခုတော့ လိုချင်သော score လည်း ရခဲ့ပြီ။

ယခင်က မီနီဘားငယ်၊ ကိတ်လှ ချောလှသော secretary များဖြင့် ခမ်းနားသော ရုံးခန်းသည် သန့်ရှင်းရေးဝတ်စုံကြမ်းနှင့် တာဝန်ထမ်းဆောင်သော သန့်ရှင်းရေးကြီးကြပ်တဝက်၊ secretary လည်းမမည်သော မြသူဇာ။ အညိုရောင် ဈေးအပေါ်စား T-shirt တွေကိုသာ တစိုက်မတ်မတ်ဝတ်ဆင်သော chairman တို့ကြောင့် ပကာသန ကင်းစင်လှသည်။

မြသူဇာသည် ခါးပတ်ရိုက်ချက်တွေ၊ ကြိုးချည်အပြစ်ပေးခံရခြင်းတွေမှာ နေသားကျရင်း တစ်ခါတစ်ရံ တစွန်းတစ ရရှိခဲ့သော အကြင်နာ အစွန်းအစလေးတွေကြားမှာ နေသားကျခဲ့ပြီပဲလေ။

အောင်မြင် က ရက်စက်သည်ဆိုစေဦး၊ လွှမ်းမိုးချုပ်ကိုင်စေဦး အကျိုးဆက်မှန်သမျှ မြသူဇာအတွက် ကောင်းကျိုးကိုသာ ယူဆောင်လာခြင်းမို့ သည်ချုပ်နှောင်ခြင်းမှာ ပျော်ရွှင်ခဲ့မိပြီ။

တစ်ရက်က မြလေး လုပ်ဖော်ကိုင်ဖက်တစိယောက်နှင့် ပျော်ရွှင်ရယ်မောနေမိတော့။

" ရည်းစားထပ်မထားနှင့် မြသူဇာ"

ရုတ်ချည်း မေးချင်သော မေးခွန်းတစ်ခု။

" အစ်ကိုကြီးက မြသူဇာကို ချစ်နေတာလား"

မြလေး သူ့ဆီက မြှောက်တက်လာမည့် လက်ကို မျှော်လင့်မိပေမယ့် သူက ဟက်ဟက်ပက်ပက် ရယ်မောခဲ့သည်။

" အချစ်

အချစ်တဲ့လား မြသူဇာ။

ချစ်တယ်ဆိုတာ ဘာလဲ။

အဲ့စကားကို ငါလောကမှာ အယုံအကြည်မရှိဆုံးပဲ သိလား။"

" ချစ်တယ်ဆိုတာ sex လုပ်ကောင်းရုံ ကိုယ့်စိတ်ချမ်းသာမှုတွေရအောင် သူများဆီက အတ္တကြီးကြီး ယူလို့ကောင်းရုံ ပြောတာ။ မှတ်ထား နင့်လဲ မချစ်ဘူး။ ငါ့ကိုငါတောင် ချစ်ရဲ့လားမသိဘူး။"

မြလေး ဘာကို ဝမ်းနည်းမှန်းမသိ။ မြလေးကို ရက်စက်ဖိနှိပ်နေသောသူကို ဘာကို သနားမိမှန်းမသိ။

တစ်ရက်။

သည် တစ်ရက်မတိုင်ခင်အထိပေါ့။ မြသူဇာတို့ရဲ့ ပင်လယ်ပြင်က အေးချမ်းခဲ့ပါသည်လေ။

တရက်မှာတော့ အလုပ်လုပ်ရင်း မမျှော်လင့်ဘဲ ဖိုင်တွဲအနီရောင်တစ်ခုကို မြသူဇာ တွေ့ရှိခဲ့သည်။

ဓာတ်ပုံတချို့။

ကားတစ်စီးရဲ့ ပြင်ဆင်မှု ဘောက်ချာတစ်ခု။

တစ်စုံတစ်ခုသော ဆက်စပ်ပတ်သက်မှု။

မြသူဇာ အာရုံတွေက တဖျတ်ဖျတ်။

...................................................................................................................

သည်နေ့မနက် အင်မတန်ထူးဆန်းစွာ သူ့ဖုန်းခေါ်ဆိုမှာကို မြလေး လက်ခံရရှိခဲ့တယ်လေ။ ကုမ္ပဏီမလာခဲ့နှင့်။ ငါခေါ်ခိုင်းတဲ့ကားနှင့် လိုက်လာခဲ့ဆိုပဲ။

ကားပေါ်ရောက်တော့ နီးနီးနားနားပဲ မြလေးထင်နေခဲ့တာ။

တကယ်က မိုင် ၂၀၀ ကျော်ကျော်မောင်းလာပြီး ၃ နာရီကျော်ကျော်လောက်စီးလိုက်ရသည်လေ။

အမြန်လမ်း ၂၁၅ မိုင်ရောက်တော့ လမ်းပေါ်ကနေ ကွေ့ချလိုက်တော့ ဆည်ကြီးတစ်ခုဘေးက ရှေးဟောင်းအိမ်လေးတွေ။ ဟိုတယ် တစ်ခု ဖြစ်မယ်ထင်ပါရဲ့လေ။

အိမ်လေး တစ်အိမ်ရှေ့မှာ ကားရပ်ပေးတော့ ကားသမားက တစ်ခွန်းမှ မပြော။ မြလေး လက်ထဲက hand phone သာ မြည်လာခဲ့သည်။

" ကားပေါ်ကဆင်း။ အပေါ်တက်ခဲ့ မြသူဇာ "

သူ့ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုအောက်မှာ ၂ နှစ်ကျော်နေခဲ့ပေမယ့် ဟိုတယ်မှာ သီးသန့်တွေ့ဆုံသည်က ပထမဆုံးအကြိမ်မို့ မြသူဇာ ရင်ခုန်မှုက အတိုင်းအဆမရှိ။

ခြေတံရှည် အိမ်လေးပေါ်ကို သစ်သားလှေကားလေးကနေ တက်သွားပြီး တံခါးက စေ့ထားရုံမို့ အိမ်ထဲ ဆက်ဝင်သွားမိသည်။ ဧည့်ခန်းလို သီးသန့်နေရာမှာ သူက အေးဆေးထိုင်နေဆဲ။ အပေါက်ဝမှာပဲ မြလေး ရပ်နေမိပါရဲ့။

" အရင်ဆုံး တံခါး lock ချလိုက်။ ပြီးရင် ဒူးထောက်လိုက် မြသူဇာ။ ငါ့ရှေ့မှာ မိုးတိုးမတ်တပ်တွေ မမြင်ချင်ဘူး။"

မြလေး တံခါးနားမှာပဲ ဒူးထောက်ပြီး ခေါင်းငုံနေမိပါရဲ့။သူ့ဆီက ဘာစကားမှ ဆက်ထွက်မလာ။ နာရီဝက်လောက် ကြာတဲ့အထိ အရက်ပုလင်းနှင့် အရက်ခွက်ကလေးရဲ့ ထိတွေ့သံ။ ရေခဲတုံး လှုပ်ခတ်သံကလေးတွေကလွဲရင် အခန်းက ငြိမ်သက်လို့။ မြလေးရင်တွေ တုန်လှပြီ။ နောက် တစ်စုံတစ်ခုကို မြလေး သိခဲ့ပြီမို့ အရမ်းကြောက်မိနေပြီ။

ခဏကြာတော့ သူ မြလေးဆီ လျှောက်လာရင်း မြလေးမျက်လုံးတွေကို ပုဝါတစ်ခုနှင့် တင်းတင်းကြပ်ကြပ်ပိတ်စည်း။ ခုတင်ဘေးက သစ်သားတိုင်လုံးမှာ မြလေးကို ချည်နှောင်။

ကြိုးတွေက တင်းကျပ်လိုက်တာ။ သူချည်ဘူးသမျှ။ မြလေး သိတယ်။ မြလေးတစ်ခုသိခဲ့တယ်။ သူဟာ လူသတ်သမားလေ။ တစ်စုံတစ်ဦးကို ရက်ရက်စက်စက် အကွက်ဆင်သတ်ခဲ့သူ။ မြလေး ဘာကိုယုံကြည်လို့ သူခေါ်ရာ လာခဲ့ပါလိမ့်။ ဘာကို အားကိုးလို့ သည် လူသတ်သမား ချည်နှောင်ခြင်းကို ခံရပါလိမ့်။

သံအမာထည်တစ်ခု ကတ်ကြေးလားမသိ။ မြလေး ရင်ညွှန့်နားမှာ အေးစက်စွာ စတင်ထိကပ်လာတော့ မြလေး ကံကြမ္မာကို မြင်စ ပြုခဲ့ပြီ။ သစ်ပင်ကြားညှပ်နေသော CRV ကားအနီရောင်။ သွေးစီးကြောင်းတွေနှင့် လူတစ်ယောက်။ ခဏကြာရင် မြလေး ခန္ဓာကိုယ်ဟာ သွေးစီးကြောင်းတွေနှင့် တိုင်မှာ ကြိုးချည်လျက်။

လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ။ ဂျာနယ် မျက်နှာဖုံးတွေပေါ်မှာ။

မြလေးသည်အခန်းထဲဝင်လာတာ လိုက်ပို့သော ယာဉ်မောင်းသာသိသည်။ reception တောင် မသိ။ သီးခြားဘန်ကလိုတွေမို့။ တစ်ခန်းနှင့်တခန်းက ဝေးလှသည်ပဲ။ 

မြလေးပါးစပ်ထဲ ပုဝါသေးတစ်ခု ထိုးထည့် ရာဘာဘောလုံးထပ်ထည့် ကြိုးခပ်တင်းတင်းချည်လိုက်တော့ မြလေး ငို မိသည်။ ကြောက်လန့်စိတ်ကြားထဲမှာပင် ပြုသမျှ နုချင်သော မြလေး စိတ်ကို မြလေး မယုံနိုင်။

...............................................................................................................

ရင်ညွှန့် လည်ပင်းနား တိုးကပ်ထိတွေ့လာသော သံထည်အေးစက်စက်။ ကတ်ကြေးတလက် ဖြစ်မည်။ မျက်လုံးတွေ စည်းနှောင်ထားလို့ မြလေး မမြင်ရ။ အရေပြားတလျောက်အောက်ကို ထိုးစိုက်သွားတော့ မြလေး အဝတ်အစားတွေ တစစီ ဖြစ်ကုန်ပြီ။

" မြသူဇာ။ ခင်မောင်ကြည်ကို ငါ ပြန်ရှင်လာစေချင်တယ်။ သူ့သမီး။ သူ့ရဲ့ တစ်ဦးတည်းသော သမီးလေးကို ငါ သည်လိုနှိပ်စက်နေတာ။ သည်လို ကျွန်ပြုထားတာ မြင်စမ်းစေချင်တာ။"

သေချာခဲ့ပြီပဲ။ သူဟာ လူသတ်သမား။ မြလေးကို သူသတ်တော့မယ် ထင်ပါရဲ့လေ။

" မြသူဇာ သည် ပုံကလေးက ခင်မောင်ကြည်နှင့် ငါတို့ အစ်ကိုကြီး ညီလေး လုပ်ခဲ့စဉ်က ပုံလေ။ နင်ခိုးကြည့်သွားတဲ့ပုံ။ နင့်မှာ အပြစ်ရှိတယ် သိလား။"

ခါးပတ်ရိုက်ချက်တစ်ချက်။ မြလေး အသံမထွက်နိုင်။ နောက်တချက်။ ချည်ထားသော ကြိုးတွေ တင်းကျပ်လွန်းလို့ မြလေး မလှုပ်နိုင်။

" မြသူဇာ နင့်အဖေစီးတဲ့ CRV ကားအနီလေးလေ သူ့ driver ကို အသာသိမ်းသွင်းပြီး ဝပ်ရှော့မှာ ငါပြင်ပေးလိုက်သေးတယ်။ သိလား။ များများမလုပ်ပါဘူး။ ဘရိတ်လေး နင်းမရအောင်ပါပဲ။"

မြလေး ရင်ထဲ မွမ်းကြပ်လှပြီ။ သူက မြလေးမြင်ခဲ့သော ပုံတွေ။ အနီရောင် CRV ရဲ့  ဖေဖေ မဆုံးခင် ရက်စွဲတစ်ခုက ပြင်ဆင်မှု ဘောက်ချာတစ်ခု။ သူ မြလေး ဖေဖေကို စနစ်တကျ သတ်ခဲ့သည်ပဲ။

" မြသူဇာ နင်မသိသေးတာ ရှိတယ်။ တစ်ခါက ကျောက်တွင်းတစ်ခုမှာ အစ်ကိုကြီး ညီလေး ရင်ဘတ်ချင်း ဂျပ်ပန်ထိုးပြီး အလုပ်လုပ်ဖူးတယ်။ တရက်ကျတော့ ငါတို့ တွင်းပြိုကျလို့ ခွေးပြေးဝက်ပြေး ပြေးရတော့ ငါသယ်လာတဲ့ ကျောက်အိတ်ကို လှမ်းယူ ငါ့ကို တွင်းထဲ ပြန်တွန်းချ။ ကုတ်ကပ်တွယ်နေတဲ့ ငါ့လက်တွေကို ဒါးနှင့်ခုတ်ချ။ နှစ်ယောက်အတူရှာခဲ့တဲ့ကျောက်တွေ မောင်ပိုင်စီး။ လူချမ်းသာဟန်ဆောင်နေတဲ့ နင့်အဖေ လူယုတ်မာလေ။ ငါ လက်စားချေခဲ့တာ။ စနစ်တကျကို လက်စားချေခဲ့တာ။ ရအောင်ပြန်သတ်။ နင်တို့စီးပွားရေးကို ရအောင်သိမ်း၊ နင့်ကိုလဲ ကျွန်ပြုချင်ခဲ့တာ။"

အို သူဟာ အရူးတစိယောက်လို တတွတ်တွတ်ပြောရင်း။ တိုင်မှာ ချည်ထားတဲ့ ကြိုးတွေကို ကတ်ကြေးနှင့်လဲ ဖြတ်ချ။ မြလေးဟာ တိုင်ခြေမှာ ခွေခွေလေး။ အချိန်ကြာမြင့်စွာ ကြိုးချည်ခဲ့တဲ့ဒဏ်။ ဘယ်နှစ်ချက်မှန်းမသိသော ခါးပတ်နှင့် အရိုက်ခံရခြင်းကြားမှာ မြလေးက အားအင်တွေ မရှိတော့။ ထွက်ပြေးဖို့ အားအင်နည်းနည်းမှ မကျန်တော့။

မြလေးကို ဆွဲထူ။ ဝတ်လစ်စလစ်ဖြစ်နေတဲ့ မြလေးတင်ပါးတွေနောက်။ မလုပ်ပါနှင့်လို့ အသိတစ်ခုဖြင့် ရေရွတ်ဆဲ။ မြလေး ခန္ဓာကိုယ်က ဆန့်ကျင်စွာ လိုက်လျောနေမိပြီပဲ။ သူဟာ ဖေ့ဖေ့ကို သတ်သူလေ။ မြလေး လက်မခံနှင့်ဆိုသော အသိတရားက မိုးကြိုးတွေ မုန်းတိုင်အကျ အရာအားလုံးပျော်ဝင်သွားခဲ့ပြီ။

မြလေး ကြမ်းပေါ်မှာခွေခွေလေးလဲနေတော့ သူက ပွေ့ချီပြီး ခုတင်ပေါ်တင်ပေးခဲ့တာ မှတ်မိသည်။ သည်နောက်တော့ အရာအားလုံး အမှောင်ဖုံးသွားခဲ့သည်။

...........................................................................................................................................

ဇာတ်သိမ်း

မြသူဇာ။

လှပသော နှုတ်ခမ်းဖျားက မှုတ်ထုတ်လိုက်သော မီးခိုးငွေ့အချို့။ မှုန်ရီသော အတိတ်။

" မေမေ သမီးကို ခေါ်တယ်ဆို။"

" အော် အေး လာ သမီးရယ်။ "

မြလေးသမီးက မြလေးရှေ့ ဝင်ထိုင်သည်။ အဖေဆီက မြင့်မားသောအရပ်၊ အမေဆီက လှပသော အသားအရည် အကောင်းဆုံးတွေ ရယူပေါင်းစပ်ထားသော သမီး။

သမီးတောင် အသက် ၂၀ ပြည့်ခဲ့ပြီပဲ။ ဟုတ်သည်ပဲလေ။ မြလေးတောင် မကြာခင်က ၄၀ ပြည့်ခဲ့ပြီပဲ။

" မေမေ အပြင်သွားမလို့ဆို driver ခေါ်ရမလား မေမေ။ "

" မလိုဘူးကွယ် သမီးပဲ ကားမောင်းပါ။ မေမေတို့ သမီးဖေဖေဆီ သွားမှာပါ။ "

အို အံသြသွားသလား သမီးရယ်။ မအံသြနှင့်။ သမီးငယ်မှာ ဖေဖေတကယ်ရှိခဲ့တာ။ အချိန်မတန်သေးလို့ မမေးပါနှင့်လို့ ပြောခဲ့တာ။ ဒီနေ့သူ့ကို မေမေနှင့်သမီး သွားတွေ့မယ်။ မဟုတ်ဘူး ။ မေမေနှင့်သမီး သွားခေါ်မှာ။ သူ ဒီနေ့ ထောင်က လွတ်ပြီပဲ။ ဘာလို့ ထောင်ကျခဲ့သလဲ မမေးနှင့်တော့ ကလေးရယ်။ ထားခဲ့လိုက်တော့။ မလှပတဲ့ အတိတ်တွေ ထားခဲ့လိုက်တော့။

သူ ကိုယ်တိုင်ဖွင့်ဟ ဝန်ခံ အဖမ်းခံခဲ့သော လူသတ်မှုတစ်ခု။ မြသူဇာဆီ ကုမ္ပဏီကို စနစ်တကျလွှဲအပ်။ သူထွက်သွားခဲ့သော နေ့ရက်ရှည်တွေ။ သူပျိုးထောင်ပေးခဲ့သော အမျှော်အမြင် အစွမ်းအစ။ သည်အနှစ် ၂၀ မှာ မြလေးဟာ သည်ကုမ္ပဏီကို ကောင်းမွန်စွာ ဦးဆောင်နိုင်ခဲ့သည်ပဲ။ မြလေး မတ်တပ်ထရပ်လိုက်တော့ chairman ထိုင်သော ဆုံလည်ကုလားထိုင်လေး။ မင်းပိုင်ရှင် ပြန်လာတော့မယ်လေ။ မြလေးက ခဏ ကိုယ်စားထိုင်ခဲ့တာပါ။ သူပြန်လာတဲ့အခါ မြလေးက နေရာမှန် ကြမ်းပြင် ကို ပြန်သွားချင်ပါရဲ့။ အစ်ကိုပေးခဲ့တဲ့ ကြမ်းပေါ်က နေရာလေးမှာပဲ အစ်ကိုရှေ့ ဒူးထောက်ခစားခွင့် မြလေးကို ပေးဦးလှည့်လေ။

မြစ်တစ်စင်း ရေစီးသာအောင် သောင်တူးတန်တူး၊ ကျောက်စီတန်စီ မြစ်ကြောင်းဖြောင့်လို့ ရေစီးသာစေခဲ့ပြီပဲ။

အချစ်ဆိုတာ မယုံကြည်ဆုံးစကားလို့ အစ်ကိုဆိုခဲ့သည်ပဲ။

ကိုယ့်ကိုကိုယ်တောင် ချစ်ရဲ့လားမသိလို့ ဝမ်းပန်းတနဲ ဆိုခဲ့ဘူးသည်ပဲ။

အခုတော့ မြလေးရဲ့ ချစ်ခြင်းကို ယုံကြည်ပေးလှည့်ပါ။

သည်မြစ်ရဲ့ ချစ်ခြင်းမှာ ပျော်ဝင်ခံစားလှည့်ပါ အစ်ကို။



........................................⭐⭐⭐⭐⭐........................................

ပြီးပါပြီ။